နာမည်လေးနဲ့လိုက်ဖက်အောင် မျက်နှာလေးကလည်းအေးချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အချိန်တိုအတွင်းရရှိထားသူကတော့ သရုပ်ဆောင် အောင်ရေချမ်းပဲဖြစ်ပါတယ်။ အောင်ရေချမ်းဟာ ပျားရည်အိုင်ရုပ်သံဇာတ်လမ်းတွဲမှာ ကိုတင်ဖေဆိုတဲ့နေရာကနေ သရုပ်ဆောင်ခဲ့ပြီး သူရဲ့သရုပ်ဆောင်ကောင်းမွန်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ထောက်ခံအားပေးခြင်းကို ရရှိထားသူတစ်ယောက်ပါ။

Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook

အောင်ရေချမ်းဟာ ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ " ရိုးမပေါ်မှာကျတဲ့ မျက်ရည် "ရုပ်ရှင်ဇာတ်ကားကြီးကလည်း လာမယ့် နိုဝင်ဘာလမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ အောင်ရေချမ်းဟာ ထိပ်တန်းမင်းသားမင်းသမီးတွေနဲ့အတူရိုက်ကူးခဲ့ပြီး သူ့ရဲ့ပရိသတ်တွေကလည်း အားပေးရန်စောင့်မျှော်နေကြတာပါ။ အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်လျှက်ရှိပြီး နယ်တွေမှာလည်း သီချင်းများ သွားရောက်ဖျော်ဖြေနေပါတယ်။

Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook

အခုတစ်ခါမှာလည်း အောင်ရေချမ်းကတော့ အောင်ဘာလေထီဆု နောက်တစ်ခေါက်ထပ်ပြီး ကံထူးသွားတဲ့အကြောင်းကို" မျှော်နေတဲ့ ဖုန်းလာပါပြီအနှစ်နှစ်အလလ မျှော်ခဲ့ရတဲ့ဖုန်းအခု့တော့လာပါပြီပေါက်ပါတယ်ထီ ၅သောင်းပေါက်ကြောင်း ဖုန်းဆက်အကြောင်းကြားတာပါတဲ့တဲ့တဲ့" ဆိုပြီးတင်ထားတာလေးကိုပရိသတ်တွေ ဝမ်းသာကြည်နူးရအောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Yay Chan's Facebook

Photo Credit - Aung Yay Chan's Facebook
Photo Credit - Aung Yay Chan's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။