တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉အမျိုးသားအသင်းဟာ ယနေ့ အောက်တိုဘာ ၇ရက် မနက်ပိုင်းက တောင်ကြီးမြို့ မြို့နယ်အားကစားလေ့ကျင့်ရေးခန်းမ (Fitness GYM Center)တွင် Fitnessလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၉အမျိုးသားအသင်းဟာ ပရိသတ်တွေ ကျေနပ်လောက်တဲ့ ခြေစွမ်းတွေကို ပြသထားနိုင်ခဲတာပဲဖြစ်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းဟာ တရုတ်(တိုင်ပေ) ဘောလုံး အဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ဖိတ်ခေါ်ကျင်းပသည့် တရုတ်(တိုင်ပေ)ယူ၁၉ ဖိတ်ခေါ်ဖလားတွင် ဒုတိယဆု ရရှိခဲ့နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ-၁၉အမျိုးသားအသင်းဟာ ဟောင်ကောင်အသင်းကို ၆ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့အထိ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းကိုတော့ ရန်ကုန်ယူနိုက်တတ်နည်းပြဟောင်းဖြစ်တဲ့ ဦးစိုးမြတ်မင်းက တာဝန်ယူကိုင်တွယ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းရဲ့ ခြေစွမ်းကို ပရိသတ်တွေအနေနဲ့ အတော်လေးကို သေဘာကျနေကြပြီး မြန်မာ့ လက်ရွေးစင် ယူ၁၉ အသင်းဟာ ယခုမှာတော့ လေ့ကျင့်ခန်းတေံကို ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။