လီလီလုံးလေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်(ခ) Liam လေးပါ။ သားလေးဟာ မျက်နှာမြင်ချစ်ခင်ပါစေတဲ့ဆုကို မတောင်းဘဲနဲ့ပြည့်သူတစ်ယောက်ပါ။ သူ့ရဲ့ ပုံစံတိုင်းဟာလည်း အသည်းယားပြီး ချစ်စရာကောင်းလွန်းနေတာပါ။  

photo Credit - May Thu's( liam's Fans Group)
photo Credit - May Thu's( liam's Fans Group)
photo Credit - May Thu's( liam's Fans Group)

သားလေးဟာ မနေ့က အသက်တစ်နှစ်နဲ့နှစ်လပြည့်သွားခဲ့ပါပြီ။ ဖိုးဖိုးနဲ့ဖွားဖွားတို့ကလည်း သားလေးရဲ့ ဗီဒီယိုလေးတွေကို မကြာခဏ တင်ပေးလေ့ရှိတာပါ။ အခုမှာလည်း ဖွားဖွားမေသူက မြေးလေးရဲ့အသည်းယားစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပြန်ပါပြီ။  

photo Credit - May Thu's( liam's Fans Group)
photo Credit - May Thu's( liam's Fans Group)
photo Credit - May Thu's( liam's Fans Group)

ဒါကတော့ ဘေးကနေလိုက်ကြည့်ပေးစရာမလိုဘဲ ကိုယ့်အားကိုယ်ကိုးကာ တစ်ယောက်တည်းလမ်းလျှောက်နေတဲ့ Liam လေးရဲ့ Video လေးပါ။ သားလေးဟာ ဒီအရွယ်လေးနဲ့ ကိုယ့်အားကိုယ်ကိုးတတ်တာဟာလည်း ချစ်စရာကောင်းလွန်းတဲ့ အချက်တစ်ချက်ပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - May Thu's( liam's Fans Group)

photo Credit - May Thu's( liam's Fans Group)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။