photo credti .. Liquipedia

Keen Gaming ကတော့ Ti 9 အပြီးမှာ လူစားရင်းအပြောင်းအလဲတွေပြုလုပ်ခဲ့ပေမယ့် sea region ရဲ့ Top player တစ်ဦးဖြစ်တဲ့ Mushi ရောက်ရှိလာခဲ့တဲ့အတွက် performance ကောင်းတွေပြသနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာသေးပါဘူး။

Keen Gaming ရဲ့ လက်ရှိ Roster ကတော့

Kamma

-

Dark

天命

Mushi တို့ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း Keen Gaming ဟာ 2019-2020 DPC season ရဲ့ major ပွဲစဉ်တစ်ခုဖြစ်တဲ့ MDL Chengdu Major ရဲ့ Chinese Qullifier ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် qualified မဖြစ်ခဲ့ပါဘူး ။

သူတို့နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့ Team Aster နဲ့ပွဲမှာဆိုရင်လည်း Sccc ရဲ့ Morphling ကို Keen Gaming ဘက်က လုံးဝမထိမ်းနိုင်ခဲ့ဘဲ 2း0 ဆိုတဲ့ ရလာဒ်နဲ့ ရှုံးနိမ်ပြီး MDL Chengdu Major Chinese qualifier ကနေ ထွက်ခဲ့ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့် နောက်ထပ် Major တွေ Minor ပွဲစဉ်တွေရှိနေသေးတာမို့လို့ Keen Gaming အတွက်ကတော့ DPC points တွေရဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိနေပါသေးတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။