photo credit - Wykrhm Reddy

Immortal Rank 1 players တွေ ဖြစ်တဲ့ Sumail , Quinn တို့နဲ့ ဖွဲ့စည်းထားတဲ့ ှQuincy Crew Dota2 team ကတော့ 2019-2020 DPC season ရဲ့ ပထမဆုံး major ပွဲစဉ်ဖြစ်တဲ့ MDL Chengdu Major ပွဲစဉ်ကို North America Region Qualifier ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

သူတို့ရဲ့ ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ Team Named နဲ့ပွဲစဉ်မှာတော့ Game 1 ရော Game 2 မှာရော လက်ရည်အသားကြီးနဲ့ ဆော့ကစားနိုင်ခဲ့ပြီး 2:0 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Team Plus နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာဆိုရင်လည်း လက်ရည်အသာကြီးနဲ့ပဲ Game 1 ရော Game 2 ရော အနိုင်ရရှိခဲ့ပါတယ်။

နောက်ဆုံးကစားထားတဲ့ EE ရဲ့ အသင်းသစ် Fighting Pepegas ပွဲစဉ်မှာတော့ ရှေ့ပွဲတွေတုန်းကလိုတော့ လုပ်တိုင်းမဖြစ်ခဲ့ပါဘူး။

Game 1 မှာတော့ Seven ကိုင်ထားတဲ့ Sumail ရဲ့ Aggressive play ပုံတွေက Team fight တွေမှာ နည်းနည်းလေး အကျအရှုံုးများစေခဲ့တာတွေ့ရပါတယ်။

မိနစ် ငါးဆယ်လောက်ထိ BKB မပါသေးတဲ့ sumail ရဲ့ seven ကြီးကလည်း enemy ဘက်ကပေးတဲ့ magic damage တွေကို မခံနိုင်ဖြစ်ခဲ့သလို Team fight ယှဉ်ချတဲ့အခါမှာ လုံးဝယှဉ်အချနိုင်ဘဲ EthernalEnvy ရဲ့ အသင်းသစ် Fighting Pepegas ကို game 1 မှာ အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ်။

Game 2 မှာတော့ Sumail , Yawar , Mss , SVG , Quinn တို့ရဲ့ Quency Crew ဟာ early game ထဲက Fighting Pepegas ကို ကောင်းကောင်း Control လုပ်ထားနိုင်ခဲ့ပြီး game 1 တုန်းက ရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် Qualified ဖြစ်ဖို့အတွက်ကတော့ နောက်ထပ် ပွဲစဉ်တွေ ထပ်မံယှဉ်ပြိုင်ရဦးမှာပဲဖြစ်ပြီး နောက်နေ့မနက် ပိုင်းလောက်မှာ ဆော့ကစားမယ့် Evil Geniuses နဲ့ပွဲစဉ်ကတော့ တကယ့်ပွဲကောင်းတခုဖြစ်လာမှာပဲဖြစ်ပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။