ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို အတူတကွဖြတ်သန်းနေသူတွေကတော့ သရုပ်ဆောင် မိုးယုစံပါ။ သူမဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ ကလေးတစ်ယောက် အမေလို့ထင်ရက်စရာမရှိလောက်အောင် နုပျိုနေတာဟာလည်း ဘုရားကပေးတဲ့ဆုလာဘ်တစ်ခုပါ။  

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

မိုးဟာ သရုပ်ဆောင် အလုပ်သာမကဘဲ အငြိမ့်မင်းသမီးတစ်ယောက်အဖြစ်ပါ ပရိသတ်တွေ မြင်တွေ့ရတာပါ။ သူမဟာ နှင်းဆီအဖွဲ့ရဲ့ ပင်တိုင် အငြိမ့်မင်းသမီးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကပဲ ရန်ကုန်နဲ့မန္တလေး မြို့ကြီးများတွင် နှင်းဆီအဖွဲ့သားများ သွားရောက် ဖျော်ဖြေခဲ့ကြတာပါ။ ပရိသတ်တွေကလည်း ဒီပွဲလေးကို တစ်ခဲနက်သွားရောက်အားပေးခဲ့ကြတာပါ။  

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

လတ်တလောမှာတော့ မိုးယုစံဟာ မန္တလေးမြို့ကိုရောက်ရှိနေတာပဲဖြစ်ပြီး အထင်ကရနေရာများကို သွားရောက်လည်ပတ်နေကြတာပါ။ အခုတစ်ခါမှာလည်း ချစ်ခင်ပွန်းနဲ့အတူ တုတ်တုတ်စီးကာ မန္တလေးမြို့ရဲ့ညအလှရှုခင်းတွေကို လည်ပတ်ကြည့်ရှုနေကြတာပါ။ ဒီဗီဒီယိုလေးကို မိုးရဲ့ Facebook Myday မှာတင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Moe Yu San's Facebook Myday

Photo Credit - Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။