သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းကတည်းက အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက်လှပပြီး မျက်နှာလေးကလည်း ချစ်စရာကောင်းတာကြောင့် ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်ခဲ့တဲ့ မိုးယုစံက အခုထိ အပျိုလေးတုန်းကအတိုင်း လှပနေဆဲ ဖြစ်ပါတယ်။ သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေရပြီဖြစ်တဲ့ မိုးယုစံရဲ့အိမ်ထောင်သည်ဘဝလေးကတော့ အရမ်းကို ပျော်ရွှင်အားကျစရာကောင်းလှပါတယ်။

Photo Credit: Moe Yu San Facebook
Photo Credit: Moe Yu San Facebook

မိုးယုစံကတော့ လက်ရှိမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တဲ့ မိုးယုက နောက်ပိုင်းမှာလည်း သူမချစ်ရတဲ့သားလေးကိုသာ အချိန်ပြည့် ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မိုးယုစံက မိသားစုနဲ့အတူ မြန်မာနိုင်ငံအနှံ့ ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Photo Credit: Moe Yu San Facebook
Photo Credit: Moe Yu San Facebook

မိုးယုက အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များနဲအတူ ချစ်စရာကောင်းတဲ့ သားသားလေးရဲ့ ပုံလေးတွေကိုပါ ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။မိုးယုဟာ လတ်တလောမှာတော့ ဆွဲဆောင်မှုရှိရှိနဲ့ မြင်သူတိုင်းကြွေသွားရလောက်အောင်လှရက်လွန်းနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာမိုးယုတစ်ယောက် ကလေးအမေလို့မထင်ရလောက်အောင် နုပျိုပြီးအရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit: Moe Yu San Facebook
Photo Credit: Moe Yu San Facebook

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။