သရုပ်ဆောင်ခြူးလေးကတော့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်ပဲ ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ ရုပ်သံဇာတ်လမ်းတွဲများရိုက်ကူးရာမှ အနုပညာလောကထဲကို ရောက်ရှိလာတာပဲဖြစ်ပြီး ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးများလည်း လက်ခံရိုက်ကူးနေရတာပါ။ သူမဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။  

Photo Credit - Chue Chue's Instagram
Photo Credit - Chue Chue's Instagram
Photo Credit - Chue Chue's Instagram

ခြူးလေးဟာ အနုပညာမောင်နှမများနဲ့အတူ ရှုတင်အားလပ်ချိန်များတွင် Tik Tok လေးများဆော့ကာ ပရိသတ်တွေကို အပန်းပြေစေရန်အတွက် မကြာခဏတင်ပေးလေ့ရှိသူတစ်ယောက်ပါ။ သူမရဲ့ Tik Tok ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်စားနေပြီး ပြန်လည်ကစားကြတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ခြူးလေးရဲ့ Tik Tok ဗီဒီယိုလေးတွေ တင်ပေးလိုက်ပြန်ပါပြီ။  

Photo Credit - Chue Chue's Instagram
Photo Credit - Chue Chue's Instagram
Photo Credit - Chue Chue's Instagram

ဒါကတော့ လတ်တလောမှာခေတ်စားနေတဲ့ Tik Tok ထဲက သရုပ်ဆောင်ကွက်တွေကို သူမရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပြန်လည်သရုပ်ဆောင်ထားတာပါ။ ပရိသတ်ကြီးအတွက် ခြူးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ Tik Tok ဗီဒီယိုလေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Chue Chue's Instagram

Photo Credit - Chue Chue's Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။