နာမည်ကြီး အဆိုတော်တွေဖြစ်ကြတဲ့ အဆိုတော် ဇော်ပိုင် နှင့် အဆိုတော် ဟဲလေး တို့က အောက်တိုဘာ(ရ) ရက်နေ့မှာ ကျင်ပပြုလုပ်ခဲ့ တဲ့ ကမ္ဘာနှစ်ထပ် ရုပ်ရှင် press show ကို တက်ရောက်အားပေးခဲ့ကြပါတယ်။ ဒီ ကမ္ဘာနှစ်ထပ် ရုပ်ရှင် ကို Golden Hour Film Production က ထုတ်လုပ်ပြီး ဒါရိုက်တာ အာကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင္တဲ့ သရုပ်ဆောင် တွေကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသား နိုင်နိုင်း မေကဗျာ နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့် တို့က အဓိကပါဝင်သရုပ်ဆောင်ထား ကြပါတယ်။

ကမ္ဘာနှစ်ထပ် ရုပ်ရှင်ကို တက်ရောက်ခဲ့တဲ့ ကိုဇော်ပိုင်နဲ့ ကိုဟဲလေးကတော့ Golden Hour Film Production အတွက် ဆုတောင်းစကားလေးနဲ့ ဂုဏ်ပြုထားပါသေးတယ်နော်

ဒီရုပ်ရှင်ရဲ့ Teaser video အရ မိသားစုတစ်စု မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အဖေနဲ့ အမေရဲ့အိမ်တွင်းရေးပြသာနာလေးတွေ သားသမီးနဲ့ မိဘကြားမှာ နားလည်မှုလွဲမှားမှုလေးတွေကို သေချာစီစဉ် အကွက်ကျကျ ရိုက်ပြတင်ဆက်ထားတာဖြစ်လို့ ကမ္ဘာပေါ်မှာရှိသမျှမိသားစု တိုင်းနဲ့ သက်ဆိုင်မယ် ထိမိမယ်လို့ ထင်ပါတယ်။ မိသားစုရှိတဲ့ မိသားစုတိုင်း လာရောက်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ကမ္ဘာနှစ်ထပ် ရုပ်ရှင် Press Show ကြည့်ပြီး ထွက်လာတဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းမျက်ရည်တွေတောင် ကျမိပါတယ်တဲ့။ ရှည်ရှည်ဝေးဝေး မပြောတော့ဘူးနော် ကမ္ဘာနှစ်ထပ် ရုပ်ရှင် ဇာတ်ကားကြီးကို အောက်တိုဘာ 10 ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်မှာဖြစ်လို့ သွားကြ့ည်ကြဖို့တော့တိုက်တွန်းချင်ပါတယ်.. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။