ပရိသတ်ကြီးရေ မင်းသမီးချော နန္ဒာလှိုင်တို့မိသားစုလေးဟာဆိုရင် မိသားစုဝင်တွေအများကြီးနဲ့ နွေးနွေးထွေးထွေးရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့မိသားစုဘဝလေးပဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်က သမီးသုံးယောက်ကို မွေးဖွားထားပြီး မိသားစုကိုသာအချိန်ပေးဂရုစိုက်နေရတာကြောင့် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ အနုပညာအလုပ်တွေကိုမလုပ်တော့တဲ့ နန္ဒာလှိုင်ကို အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်ရဲ့ သမီးချောလေးတွေကတော့ ၀၀တုတ်တုတ်လေးတွေနဲ့ အရမ်းချစ်စရာကောင်းပြီး အမေတူသမီးလေးတွေဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့ ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ချစ်ဇနီးလေးကိုအရမ်းချစ်ပြီး ကြင်နာယုယသလို သမီးတွေအတွက်လည်း လိုလေသေးမရှိအောင်ထားပေးနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်တို့မိသားစုလေးကို ပရိသတ်တွေကအရမ်းချစ်ကြပြီး ဝတီ၊ရတီ၊မဒီ တို့သုံးယောက်ကိုလည်း အရမ်းချစ်ကြပါတယ်နော်။အခုဆိုရင်တော့ နန္ဒာလှိုင်တို့ သားအမိလေးယောက်က ညအိပ်ရာဝင်ခါနီးအချိန်မှာ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်နေကြတာဖြစ်ပါတယ်။မေမေနန္ဒာလှိုင်ကို သမီးသုံးယောက်က ချစ်လွန်းလို့ဝိုင်းဖက်ထားကြတဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။