ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကတော့ စတိုင်လ်ကျလှပပြီး ပျိုမျစ်နုငယ်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မိုးဟေကိုက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေဆဲဖြစ်ပါတယ်။

Photo Credit:Life Photography
Photo Credit:Life Photography
Photo Credit:Life Photography
Photo Credit:Life Photography

မိုးဟေကိုက မိသားစုကို အရမ်းခင်တွယ်တတ်ပြီးကြင်နာတတ်တာကြောင့် မိခင်ရဲ့ဘေးနားမှာတစ်ချိန်လုံးနေပြီး ပြုစုယုယပေးနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်။မိုးဟေကိုရဲ့ ဖြူစင်တဲ့စိတ်ထားလေးနဲ့ သဘောမနောကောင်းပုံလေးတွေကို ပရိသတ်တွေကအရမ်းချစ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။

Photo Credit:Life Photography
Photo Credit:Life Photography
Photo Credit:Life Photography
Photo Credit:Life Photography

လက်တလောမှာတော့ မိုးဟေကိုပါဝင်သရုပ်ဆောင်ထားတဲ့ "ပပဝတီစီရင်ခန်း"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်တွေကြားမှာအရမ်းရေပန်းစားနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မိုးဟေကိုက "ပပဝတီစီရင်ခန်း"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show ပွဲကို တစ်ခြားအနုပညာရှင်တွေနဲ့အတူ တက်ရောက်ခဲ့ပြီး ပပဝတီမင်းသမီးတစ်ပါးလို လင်းလက်တောက်ပစွာလှပနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Life Photography
Photo Credit:Life Photography
Photo Credit:Life Photography
Photo Credit:Life Photography

Source:Moe Hay Ko's Facebook

Photo Credit:Life Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။