ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး သွန်းမြတ်ကြယ်စင်ကတော့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပါ..။

အသက်လေး ငယ်ငယ်ရွယ်ရွယ်တဲ့ အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသလို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အခိုင်အမာနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသူလေးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Thoon Myat Kyal Sin’s Facebook
Photo Credit - Thoon Myat Kyal Sin’s Facebook

ချစ်စရာကောင်းလွန်းတဲ့ သမီးလေးသွန်းမြတ်ကြယ်စင်ကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိသလို အခုတစ်ခါမှာလည်း အနုပညာကြေးရရှိထားတဲ့ ငွေလေးတွေနဲ့ ဖွားဖွားအတွက် နားကပ်လေးလုပ်ပြီး သီတင်းကျွတ်ကန်တော့ခဲ့ပါတယ်နော်..။

ဖွားဖွားအတွက် နားကပ်လေးနဲ့အတူ ပိုက်ဆံလေးနဲ့ပါ တရိုတသေလေးနဲ့ ရိုကျူးစွာကန်တော့ခဲ့တဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ရဲ့ သိတတ်မှုလေးတွေကတော့ ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုစေပါတယ်နော်..။


Photo Credit - Thoon Myat Kyal Sin’s Facebook
Photo Credit - Thoon Myat Kyal Sin’s Facebook

“သမီးရဲ့ အနုပညာငွေလေးတွေနဲ့ ဖွားဖွားကြီးတို့ကို သီတင်းကျွတ်သွားကန်တော့တာ

ဖွားဖွားကြီးက သမီးကြီးလာရင် ဝတ်ဖို့ဆိုပြီး ပေးတော့ သမီး ပျော်တာပေါ့..” ဆိုပြီး ဖွားဖွားကို သွားကန်တော့ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာ ချစ်ပရိသတ်တွေကလည်း သမီးလေးသွန်းမြတ်ကြယ်စင်ရဲ့ ရိုသေသိတတ်မှုလေးတွေကို သဘောကျစွာနဲ့ ချီးကျူးထားကြပြီး ဆုတောင်းပေးထားကြပါတယ်နော်..။

Photo Credit - Thoon Myat Kyal Sin’s Facebook
Photo Credit - Thoon Myat Kyal Sin’s Facebook

Photo Credit - Thoon Myat Kyal Sin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။