ပရိသတ်ကြီးရေ......ပျော်ရွှင်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှု...အစရှိတဲ့ ခံစားချက်အမျိုးမျိုးကို ပုထုစဉ်လူသားတိုင်း ကြုံတွေ့ခံစားရတတ်ကြပြီး တစ်ခါတစ်လေမှာ အထီးကျန်မှုဆိုတဲ့ စိတ်ဓာတ်ကျစရာခံစားချက်ကလည်း ဝင်လာတတ်ပါတယ်...။ အထီးကျန်မှုများလာရင် စိတ်ဓာတ်ကျဝေဒနာ ရောဂါပါ ခံစားနိုင်တာမလို့ စာဖတ်ပရိသတ်ကြီး အနေနဲ့ အမြန်ဆုံး ရွှင်လန်းတက်ကြွ လန်းဆန်းလာအောင် လုပ်ရမှာပါ..။ ထိုသို့လုပ်တဲ့ နေရာမှာ မိမိကိုယ် အထီးကျန်စေတဲ့ အရာတွေကဘာတွေဖြစ်မလဲ၊ နောက်ပြီး ထိုအရာတွေကနဲ့ ဘယ်လိုရုန်းထွက်ရမလဲဆိုတာကို အကြံဉာဏ်ပေး ဆေးနွေးသွားမှာပါ...။

Photo credit pngtree

တစ်ချို့သူတွေက အထီးကျန်တဲ့ခံစားချက်ကို စာအုပ်ဖတ်တာတို့၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တာစတာတွေနဲ့ ဖြေဖြောက်ကျပါတယ်...။ ဒါပေမယ့် အထီးကျန်တဲ့ ခံစားချက်တွေက ပြေလျော့သွားခြင်းမရှိရင်တော့ တစ်ခုခုလွဲမှားနေပြီပဲဖြစ်ပါတယ်...။ ဒါကြောင့်မလို့ မိမိကိုယ်ကို ဘာကြောင့် အထီးကျန်လည်းဆိုတာ သေချာလေ့လာဆန်းစစ်ဖို့လိုအပ်ပါတယ်....။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက မိမိကိုယ်ကို အဖတ်မလို့လား၊ ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်နဲ့ အဆင်မပြေတာမျိုးလား၊ သင်တန်း၊ အလုပ်တွေကနေ ရလာတဲ့ ဖိအားတွေကြောင့်လားဆိုတာ ကိုယ့်ကိုကိုယ် သေချာပြန်မေးဖို့လိုပါတယ်...။ ဘာကြောင့်လဲဆိုတော့ ပြဿနာအရင်းအမြစ်ကိုသိမှာပါ ကုသဖို့ နည်းလမ်းကောင်းကို ရှာဖွေနိုင်မှာပါ...။

Photo credit pngtree

အထီးကျန်နေပြီဆိုတာ သိသိသာသာ ဖော်ပြနေတဲ့ လက္ခာတွေကတော့ ဘယ်သူနဲ့မှ စကားမပြောချင်တာ၊ စိတ်နဲ့လူနဲ့ မကပ်တာ၊ တစ်ယောက်ယောက် ပြောလိုက်တဲ့ စကားကို မကြားတာ(အာရုံထွေပြားတာ)၊ အတွေးပေါင်းစုံနဲ့ တစ်ယောက်ထဲပဲ နေချင်နေတာ၊ ကဖင်းဓာတ် ပါတာတွေကို နှစ်ခြိုက်စွာသောက်သုံးတာတို့ဖြစ်ကြပြီး....နောက်ဆုံး ဆေးလိပ်၊ အရက်စတဲ့ မူးယစ်ဆေးတွေကို မသိကျေးကျွန်ပြုပြီး သုံးစွဲမိနေတာကလည်း အထီးကျန်မှု၊ စိတ်ဓာတ်ကျမှု ဖြစ်နေပြီဆိုတော့ လက္ခဏာရပ်ပဲဖြစ်ပါတယ်...။ အခုခေတ်လူငယ်တွေကိုပြောချင်တာက အထီးကျန်တယ်ဆိုတာ ရောဂါတစ်ခုမဟုတ်ပေမယ့် ဒီအတိုင်းဆက်နေသွားမယ်ဆိုရင် depression ဆိုတဲ့ စိတ်ဓာတ်ကျရောဂါကိုခံစားလာရပြီး မဖြစ်သင့်တာတွေ၊ မဖြစ်ရအောင်၊ မလုပ်သင့်တာတွေ၊ မလုပ်ရအောင် အခုကတည်းက စပြိး မိဘ၊သူငယ်ချင်း၊ မိတ်ဆွေ၊ ပတ်ဝန်းကျင်နဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ သင့်မြတ်စွာ နေထိုင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်...။

သတင်း အရင်းအမြစ် Mg Thit Sar

Photo credit pngtree

Photo credit pngtree
Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။