ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်မင်းသမီးချောလေး ခေးဆက်သွင်ကတော့ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အသည်းလေးတွေကို နေ့စဉ်ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ကလေးတစ်ယောက်လို ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြရတာပါနော်..။


Photo Credit - Myo Minn Soe’s Facebook
Photo Credit - Myo Minn Soe’s Facebook

MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားတဲ့ ခေးဆက်သွင်ကတော့ ချစ်စရာကောင်းတဲ့ အခွီ Tik Tok ဗီဒီယိုဖိုင်လေးတွေနဲ့လည်း ပရိသတ်တွေကိုဖမ်းစားထားပြီး အခုတစ်ခါမှာလည်း ဒီဇိုင်နာမျိုးမင်းစိုး၊ သရုပ်ဆောင်ဇွဲလရောင်တို့နဲ့အတူဆုံရင်း Tik Tok လေးတွေ ဆော့ကစားထားကြပြန်ပါတယ်..။

သီတင်းကျွတ်အမှီ သီတင်းကျွတ်သီချင်းလေးတွေနဲ့ Tik Tok ဆော့ထားကြသလို လတ်တလောပရိသတ်တွေကြား ရေပန်းစားနေတဲ့ ထိုင်းတီးလုံးသီချင်းလေးနဲ့လည်း သုံးယောက်အတူဒွန့်ပြီး ဆော့ကစားထားကြပါသေးတယ်နော်..။


Photo Credit - Myo Minn Soe’s Facebook
Photo Credit - Myo Minn Soe’s Facebook

သုံးယောက်အတူဆုံရင်း ဆော့ကစားထားကြတဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ဒီဇိုင်နာမျိုးမင်းစိုးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလညး သဘောကျနေကြပါတယ်..။

ဒီကနေ့လေးမှာတော့ Tik Tok Cele တွေဖြစ်ကြတဲ့ ခေးဆက်သွင် ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ဇွဲလရောင်တို့ သုံးယေက်ရဲ့ ချစ်စရာ Tik Tok လေးတွေကိုလည်း မကြည့်ရသေးတဲ့ ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Myo Minn Soe’s Facebook
Photo Credit - Myo Minn Soe’s Facebook

Photo Credit - Myo Minn Soe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။