နာမည်ကြီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Snare ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ဖြိုးလေးကတော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေသူတစ်ယောက် ဖြစ်ပါတယ်။ ဖြိုးလေးက လူငယ်ပရိသတ်တွေရဲ့အခိုင်အမာအားပေးဝန်းရံမှုကို ရရှိထားသူဖြစ်သလို တေးသီချင်းများစွာနဲ့လည်း ပရိသတ်ကြားမှာ နာမည်ကြီးလူကြိုက်များနေတာ ဖြစ်ပါတယ်။

Photo Credit Warso Moe Oo's FB
Photo Credit Phyo Layy's FB
Photo Credit Phyo Layy's FB

ဒါ့အပြင် ဖြိုးလေးက သရုပ်ဆောင် မင်းသမီးချောလေး ဝါဆိုမိုးဦးရဲ့ချစ်သူဖြစ်ပြီး ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ချစ်သူဘဝမျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့အောက်တိုဘာလ (၁၀) ရက်နေ့ကတော့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း (၃) နှစ်နဲ့ (၁၀)လတိတိပြည့်တဲ့ အမှတ်တရနေ့လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြိုးလေးက ချစ်သူလေးဝါဆိုနဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

Photo Credit Phyo Layy's FB
Photo Credit Phyo Layy's FB
Photo Credit Phyo Layy's FB

ဖြိုးလေးက " Happy Anniversary ငါ့သဲလေး ပျော်စရာ အပြည့်နဲ့ ကမ္ဘာကြီးကို အချစ်တွေနဲ့ ဖန်တီးကြမယ် " ဆိုပြီး Romantic ဆန်ဆန်စကားလေးတွေနဲ့ ချစ်သူလေးဝါဆိုကို ချစ်ပြထားတာ ဖြစ်ပါတယ်။ ဖြိုးလေးတို့ချစ်သူနှစ်ဦးကတော့ မကြာခဏဆိုသလို ခရီးတွေအတူထွက်ရင်း အမြဲပျော်ရွှင်ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေေပေးလိုက်ပါတယ်နော်။

Photo Credit Phyo Layy's FB & Warso Moe Oo's FB

Photo Credit Phyo Layy's FB
Photo Credit Phyo Layy's FB
Photo Credit Phyo Layy's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။