အဆိုတော် အာဘွိုင်းကတော့ လူငယ်ကြိုက်သီချင်းများကို သီဆိုတဲ့ အဆိုတော်တစ်ယောက်ပါ။ အခုချိန်မှာတော့ အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်တော့ပင်မယ့်လည်း ကြော်ငြာများနဲ့ပွဲအခမ်းအနားတွေတော့ တက်ရောက်ပေးနေတာပါ။ ချစ်ဇနီးလေး မြတ်ရတနာကျော်၊ သမီးလေး Scarlett တို့နဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ခိုင်ခိုင်မာမာတည်ဆောက်ထားတာပါ။

Photo Credit - Myat Yadanar Kyaw's Facebook
Photo Credit - Myat Yadanar Kyaw's Facebook
Photo Credit - Myat Yadanar Kyaw's Facebook

သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ရန်ဖြစ်တာမျိးလည်း မရှိဘဲ ပျော်ရွှင်စရာကောင်းလွန်းတာပါ။ မကြာခဏ ခရီးတွေလည်းထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း မကြာခဏ ဝေမျှလေ့ရှိတာပါ။ သူတို့ဇနီးမောင်နှံအတွဲလေးကိုလည်း ပရိသတ်တွေက အားကျနေရတာပါ။  

Photo Credit - Myat Yadanar Kyaw's Facebook
Photo Credit - Myat Yadanar Kyaw's Facebook
Photo Credit - Myat Yadanar Kyaw's Facebook

အခုတစ်ခါမှာလည်း ပရိသတ်တွေ အားကျစေမယ့် ဗီဒီယိုလေးတစ်ခုတင်လိုက်တာပါ။ ဒါကတော့ ခေါင်းလျှောက်ထားတဲ့ချစ်ဇနီးလေးရဲ့ဆံနွယ်လေးတွေကို တယုတယကိုင်ကာ Dryer မှုတ်ပေးနေတဲ့ Ah Boy ရဲ့ Video လေးပါ။ ပရိသတ်တွေ အားကျနိုင်စေရန် ဒီဗီဒီယိုလေးကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Myat Yadanar Kyaw's Facebook

Photo Credit - Myat Yadanar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။