အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်း အထွေထွေကို အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကနေ အခုတစ်ခါမှာဆိုရင်တော့ ထူးဆန်းဖွယ်အဖြစ်အပျက်တစ်ခုကို ဖော်ပြပေးသွားမှာပါ....။ စာဖတ်ပရိသတ်ကြီးရေ အိပ်ပျော်တာနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ဘယ်လိုကြုံတွေ့မှုတွေရှိလည်း ခင်ဗျ....။ "ကြိုက်မရှက်၊ ငိုက်မရှက်" ဆိုတဲ့စကားအတိုင်း ကားပေါ်၊ ရထားပေါ်တွေမှာ အိပ်ငိုက်တာကို ကြုံဖူးတာမျိုး၊ ဒါမှမဟုတ် ကိုယ်တိုင်လည်း ဖြစ်ဖူးကြပါလိမ့်မယ်...။ ဒါကတော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပဲ သာမာန်ကိစ္စလို့ ဆိုရမှာပါ....။

photo credit Once A Glance Page

ကဲ ပရိသတ်ကြီးရေ.....တစ်မြို့လုံးက လူတွေ လမ်းလျောက်နေရင်း အိပ်ပျော်သွားတဲ့ ကိစ္စကတော့ ထူးဆန်းလွန်းပြီး အဖြေရှာမရ၊ ဦးနှောက်ခြောက်ခဲ့တဲ့ ကိစ္စလို့ဆိုရင် မှားမယ်မထင်ပါဖူးနော်...။ အဖြစ်အပျက်ကတော့ ဒီလိုပါ....။ ကြီးကျယ်ခမ်းနားတဲ့ အာရှအလယ်ပိုင်းနိုင်ငံရှိ "Kazakhstan" (ကာဇာတ်တန်) မြို့တော်ကို အားလုံးပဲ သိကြမှာပါ...။ လူဦးရေထူထပ်ပြီး တိုက်တာ အဆောက်အအုံတွေ ပေါကြွယ်ဝကာ ခရီးသွား လာရောက်လည်ပတ်သူတွေလည်း များပြားလှပါတယ်...။ တစ်နေ့မှာ ကာဇာတ်တန် ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံး မျက်စိတစ်မှိတ်အတွင်း အလိုလိုနေရင်း အိပ်ပျော်သွားကြတာပါ....။ 

photo credit Once A Glance Page

မြို့လုံးကျွတ် အိပ်ပျော်ခြင်းလို့ ဆိုရမယ့် "Kazakhstan" ကာဇာတ်တန် ဝန်းကျင်မှာရှိတဲ့ လူဒါဇင်ပေါင်းများစွာဟာ ကျောင်းတက်နေရင်း၊ ဆိုင်ကယ်စီးနေရင်း၊ လမ်းလျောက်နေရင်း၊ ရုံးတက်နေရင်း အိပ်မောကျသွားခဲ့တာဖြစ်ပါတယ်...။ ကာဇာတ်တန် ကလာချိ ရွာက လူပေါင်း ၆၀၀ လောက်ကို စမ်းသပ်မှုလုပ် ကြည့်တဲ့အခါမှာတော့ ကာဗွန်မိုနောက်ဆိုဒ် "CO" ဓါတ်ငွေ့ကြောင့်လို့ ဆိုထားပေမဲ့ သေသေချာချာ တိတိကျကျတော့ အဖြေရှာမတွေ့ခဲ့ပါဘူး...။ သံသယဖြစ်ဖွယ်ရာ ကိစ္စ တစ်ခုကတော့ ရွာနားမှာရှိတဲ့ ယူရေနီယံ ထုတ်ယူတဲ့ မိုင်းတွင်းက ထွက်တဲ့ ဓါတ်ငွေ့ကြောင့်လို့တော့ ယူဆခဲ့ကြပါတယ်...။

source Once A Glance Page

photo credit Once A Glance Page 

photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။