အနုပညာအလုပ်တွေမလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလေးဟာဆိုရင် အရမ်းလိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့စုံတွဲလေးဖြစ်ပါတယ်။မြတ်ရတနာကျော်ကတော့ ရှမ်းတိုင်းရင်းသူလေးဖြစ်လို့ စကားသံဝဲဝဲလေးနဲ့ မှုံနေအောင်လှတဲ့သူလေးပါနော်။အာဘွိုင်းကလည်း အရင်တုန်းကသီချင်းတွေသီဆိုခဲ့ပြီး နှုတ်ခမ်းနီမလေးတွေအားပေးခဲ့ရတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့နှစ်ယောက်ရဲ့ ဖူးစာကံကဆန်းကြယ်လို့ မိုင်ပေါင်းထောင်ချီကွာဝေးနေလည်း အချစ်တွေကနီးခဲ့ကြလို့ နှစ်ကိုယ်တူဘဝလေးကို ပျော်ပျော်ရွှင်စွာတည်ဆောက်ခဲ့ကြပါတယ်။အခုချိန်မှာဆိုရင် မြတ်ရတနာကျော်က သမီးချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး Scarlett Phyo Tunလို့ နာမည်ပေးထားပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

မြတ်ရတနာကျော်ကတော့ သမီးလေးမွေးဖွားထားတဲ့ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်နုနယ်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မြတ်ရတနာကျော်က"ကလေးမွေးပြီးသွားလျှင် သင့်ကိုတစ်ခါပြန်လည်လှပစေပါသည် အယ်လယ်"ဆိုပြီး အပျိုရှုံးလောက်အောင်လှတဲ့ အလှတရားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Photo Credit:Myat Yadanar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။