နာမည်ကြီးမိတ်ကပ်ပညာရှင်တွေဖြစ်ကြတဲ့ မိတ်ကပ်လင်းလင်းနဲ့ မိတ်ကပ် ညီညီမောင်တို့ကတော့ ပရိသတ်တွေနဲ့ အတော်လေးရင်းနှီးမှုရရှိပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် လင်းလင်းနဲ့ သုသုတို့သူငယ်ချင်းနှစ်ယောက်က သရုပ်ဆောင်တွေအဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

Photo Credit - Nyi Nyi Maung's FB
Photo Credit - Lin Linn's FB
Photo Credit - Nyi Nyi Maung's FB

အခုတော့ လင်းလင်းနဲ့ သုသုတို့နှစ်ယောက်က ဗုဒ္ဓဂါယာကို ဘုရားဖူးခရီးရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း လင်းလင်းနဲ့သုသုတို့က မြတ်စွာဘုရားရှင်ထံမှာ ရွှေသင်္ကန်းဆပ်ကပ်ခဲ့သလို ကြာပန်းတွေလည်းကပ်လှူပူဇော်ခဲ့ပါတယ်။ သုသုက '' မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံရာ ကုသိနာရုံ ရွှေသင်္ကန်း ကြာပန်း ကပ်လှူပူဇော် ယောဂီလေးဝတ်ကာဝတ်ကာ ပဒုမ္မာရွှေကြာဘုရားကပ်ဖို့ခူးခဲ့တာ မြင်သမျှ ကြားသမျှ ကုသိုလ်အမျှရကြပါစေ ''ဆိုပြီးတင်ထားပါတယ်။

Photo Credit - Lin Linn's FB
Photo Credit - Lin Linn's FB
Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB

လင်းလင်းကလည်း '' လင်းအပေါ် ကျေးဇူးရှိသော ခင်ပွန်းကြီး ၁၀ပါးအမှုထားပြီး မြတ်စွားဘုရားရှင်အား ရွှေသင်္ဃန်း လှူဒါန်းပြီး ပဌာန်းဒေသနာတော်များပူဇော်ခဲ့ပါတယ် ၇ရက်သားသမီးအပေါင်း လင်းပြုသောကုသိုလ်များအားအတူထပ်တူရကြပါစေ'' ဆိုပြီး ကုသိုလ်တွေကိုမျှဝေထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းလင်းနဲ့သုသုတို့ရဲ့ ကုသိုလ်ပြုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Nyi Nyi Maung 's FB & Lin Linn's FB 

Photo Credit - Lin Linn's FB
Photo Credit - Lin Linn's FB
Photo Credit - Nyi Nyi Maung's FB
Photo Credit - Lin Linn's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။