သရုပ်ဆောင် မင်းသားချောလေး အောင်ရေချမ်းကတော့ ကိုတင်ဖေဆိုတဲ့နာမည်လေးနဲ့ ပရိသတ်တွေကြားမှာ အထူးတလည် ရေပန်းစားအောင်မြင်လာခဲ့သူပဲ ဖြစ်ပါတယ်။ အောင်ရေချမ်းက ''ဥယျာဉ်မှူးဖြစ်ဖူးချင်သည် ၊ ပျားရည်အိုင်၊ ကျွန်မက မဟေသီ'' စတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်အားပေးမှု ပိုမိုရရှိလာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit -Aung Yay Chan's FB
Photo Credit -Aung Yay Chan's FB
Photo Credit -Aung Yay Chan's FB

အခုဆိုရင် အောင်ရေချမ်းက ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုလည်း အောင်ရေချမ်းက အနုပညာသက်တမ်း (၁၀) နှစ်တိတိပြည့်တဲ့နေ့လေးမှာ ပရိသတ်တွေမမြင်ဖူးသေးတဲ့ အရင်က ပုံဟောင်းလေးတွေကို ထုတ်ပြလာခဲ့ပါတယ်။

Photo Credit -Aung Yay Chan's FB
Photo Credit -Aung Yay Chan's FB
Photo Credit -Aung Yay Chan's FB

အောင်ရေချမ်းက '' 10 years Anniversary with my job '' ဆိုပြီး တစ်ချိန်က အမှတ်တရပုံရိပ်လေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်က စတိုင်အပြည့်နဲ့ ပို့စ်ပေးခဲ့တဲ့ အောင်ရေချမ်းရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေက သဘောကျနေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော အောင်ရေချမ်းရဲ့အရင်ကပုံဟောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Aung Yay Chan's FB

Photo Credit -Aung Yay Chan's FB
Photo Credit -Aung Yay Chan's FB
Photo Credit -Aung Yay Chan's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။