ဒီအချက်တွေဖတ်ပြီးရင်တော့ Bo gumရဲ့ မိန်းကလေးပရိသတ်တွေဟာ Bo gumကို အချစ်ကြီးကြီးပိုချစ်သွားကြမယ်ဆိုတာ အာမခံတယ်။

1. သူက အလွန့်ကို အလုပ်ကြိုးစားပြီး ကြင်နာတတ်တဲ့သူပါ။

တစ်ခြားမင်းသားတွေနဲ့မတူတာက Park Bo Gum ရဲ့ကောလဟာလထွက်ရှိတဲ့သတင်းမှန်သမျှက သူဘယ်လောက်ကြင်နာတတ်ပြီး အကောင်းမြင်တတ်တဲ့သူဆိုတဲ့ အကြောင်းတွေချည်းပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲကျပ်တည်းတဲ့ အချိန်ဇယားများကြားထဲမှာရောက်နေနေ သူ့အလုပ်တာဝန်ကို မမြဲကျေပွန်အောက်လုပ်ဆောင်သူ၊ ကျောင်းတက်မှန်တဲ့သူတစ်ယောက်ဖြစ်ကာ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များကို အမြဲကူညီတတ်တဲ့သူဖြစ်ကြောင်းကို Repy 1988 ဇာတ်လမ်းတွဲအပြီး သူပါဝင်ခဲ့တဲ့ Youth over flower variety show မှာကြည့်ရင်သိနိုင်ပါတယ်။ နောက်ပြီး ဟာသမင်းသား Jung Joon Ha အတွက် မွေးနေ့ကိတ်ပြင်ဆင်ပေးတာတွေ၊ တက္ကသို်လ်ကသူငယ်ချင်းတွေကို အမှတ်တရလက်မှတ်ရေးထိုးပေးတာတွေက ပရိသတ်တွေထံကနေ အမှတ်များစွာရရှိခဲ့တဲ့ လုပ်ဆောင်မှုများထဲမှ အချို့ဖြစ်ပါတယ်။

2. သူက ပါရမီပါတဲ့ အနုပညာရှင်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။

Park Bo Gum က သရုပ်ဆောင်ပိုင်းနဲ့ပက်သက်ရင် ကျရာဇာတ်ရုပ်မှာ သဏ္ဍာန်လုပ်သရုပ်တူအောင် ဖျော်ဖြေနိုင်တဲ့မင်းသားတစ်ယောက်ဆိုတာ သူပါဝင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေမှာကြည့်ရင်သိနိုင်ပါတယ်။ ဒါကို 2016 KBS Drama ဆုပေးပွဲမှာ သူပါဝင်ခဲ့တဲ့ Moonlight Drawn by Clouds ဇာတ်လမ်းတွဲအတွက် Male Top Excellence Award ဆုကို ရရှိထားတာကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ ခေါင်းဆောင်မင်းသားနေရာမှာတင်မက၊ ဗီလိန်၊ စိတ္တဇဇာတ်ရုပ်တွေမှာပါ အကောင်းဆုံးသရုပ်ဆောင်နို်င်သူဆိုတာ Bo Gum ဖန်တွေ ကောင်းကောင်းကြီးသိထားပါတယ်။

3. သူကအရမ်းခင်မင်ဖို့ကောင်းတဲ့သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

Park Bo Gum ကသူနဲ့အလုပ်လုပ်တဲ့သူတွေနဲ့ပဲဖြစ်ဖြစ်၊ သူစိမ်းတွေနဲ့တွေ့ဆုံတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အမြဲခင်ခင်မင်မင်ဖြစ်အောင် ပေါင်းသင်းတတ်ပြီး ရေရှည်သူငယ်ချင်းတွေဖြစ်အောင်လည်း လုပ်ဆောင်တတ်သူပါ။ သူ့သူငယ်ချင်းတွေမှာဆိုရင် BTS က V၊ Reply 1988 က တွဲဖက်မင်းသားတွေ၊ စီနီယာမင်းသား Song Joong Ki တို့လည်းပါဝင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံဆရာ Baek Sang Hyun ဆိုရင် “Park Bo Gum နဲ့အလုပ်တွဲလုပ်ရတာ ခြောက်နှစ်တာကာလအတွင်းမှာ အမှတ်တရအဖြစ်ဆုံးပါပဲ” လို့ပြန်ပြောမှတ်ချက်ပြုခဲ့ပါသေးတယ်။

4. သူက ဆက်ဆံရလွယ်ကူပြီး ဘယ်တော့မှာလည်း ဘေးပတ်ဝန်းကျင်ကို သိပ်ကဂရိုစိုက်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။

Park Bo Gum ဟာ နာမည်ကြီးဆယ်လီဘရစ်တီတစ်ယောက်ဖြစ်သော်ငြား နှိမ့်နှိမ့်ချချနေတတ်ပြီး ဆက်ဆံရတာလွယ်ကူသူပါ။ တက္ကသိုလ်တီရှပ်နဲ့ သူ့ကို မြေအောက်ရထားပေါ်မှာဖြစ်ဖြစ်၊ တစ်ခြားမြို့တွင်းသယ်ယူပို့ဆောင်ရေးကားတွေ၊ ရထားတွေပေါ်မှာ ခဏခဏတွေ့ရတတ်ပါတယ်။

5. သူကအဆိုကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

Park Bo Gum က သူအဆိုတော်ဖြစ်ချင်ခဲ့တဲ့အကြောင်းကို အင်တာဗျူးတော်တော်များများမှာ ပြောခဲ့ဖူးသလို အဲ့အတွက်လည်း သူ့မှာပါရမီပါကြောင်းကို ခဏခဏ သက်သေပြဖူးပါတယ်၊ Moonlight Drawn by Clouds ဇာတ်ဝင်တေး My Person ကိုကိုယ်တိုင်သီဆိုခဲ့သလို Music Bank အစီအစဉ်မှာလည်း မကြာခဏဖျော်ဖြေဖူးပါတယ်။ Fan Meetings တွေမှာလည်း သီချင်းဆိုပြတတ်ပါသေးတယ်။ အောက်က ဗီဒီယိုလေးက Bo Gum ဆိုထားတဲ့ ဇာတ်ဝင်တေးလေးဖြစ်ပါတယ်။

6. တွဲဖက်သရုပ်ဆောင်တိုင်းနဲ့ chemistry (ရင်းရင်းနှီးနှီး ဆက်သွယ်ချက်) ကောင်းကောင်းရှိပါတယ်။

ဂီတဖျော်ဖြေပွဲတွေမှာ MC လုပ်ရင်ဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်ပဲဖြစ်ဖြစ် သူနဲ့တွဲတဲ့လူတိုင်းနဲ့ အတွဲညီအောင် နေတတ်ပြောတတ်တဲ့သူပါ။ Music Bank မှာ တွဲဖက် MC ဖြစ်တဲ့ Red Velvet က Irene နဲ့လည်းကောင်း၊ Reply 1988 က Hyeri နဲ့လည်းကောင်း၊ Moonlight Drawn by Clouds မှ တွဲဖက်မင်းသမီး Kim Yoo Jung နဲ့လည်းကောင်း စတဲ့တွဲဖက်အနုပညာရှင်များနဲ့ အမြဲတွဲညီအောင် နေတတ်သူဖြစ်ပါတယ်။

7. ပရိသတ်တွေကိုလည်း အရမ်းချစ်တဲ့သူပါ။

သူ့ပရိသတ်တွေကို ဘယ်လောက်တန်ဖိုးထားကြောင်း၊ ချစ်တတ်တဲ့သူဖြစ်ကြောင်းအမြဲဖော်ပြတတ်တဲ့မင်းသားလည်းဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းက လုပ်ခဲ့တဲ့ fan meeting မှာဆိုရင် ပရိသတ်တွေကို အရမ်းကျေးဇူးတင်မိလို့ ငိုခဲ့တဲ့အခိုက်အတန့်ဟာ ပရိသတ်တွေကြားထဲမှာ အတော်နာမည်ကြီးသွားခဲ့ပါတယ်။ ပွဲမှာ Bo Gum က “ကျေးဇူးပါတယ်။ ကျွန်တော်လို့လူကို ဒီအတွက် ထိုက်တန်ခွင့်ပေးလို့။ ဒီလောက်အေးတဲ့ရာသီဥတုကြားထဲမှာ အားလုံးရဲ့အဖိုးထိုက်တန်တဲ့ အချိန်တွေကို ပေးပြီး လာပေးကြလို့ ကျေးဇူးတင်ပါတယ်” လို့ငိုပြောခဲ့ပါတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းအမြဲပြောတတ်တဲ့၊ ဖော်ပြတတ်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။