ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး မယ်လိုဒီကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးပြီး အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ မယ်လိုဒီက ယနေ့အချိန်အထိ အရွယ်တင်နုပျိုလှပပြီး ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ရရှိထားဆဲ ဖြစ်ပါတယ်။

Photo Credit -Melody Myo's FB
Photo Credit -Melody Myo's FB

အခုနောက်ပိုင်းမှာတော့ မယ်လိုဒီက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေသလို ပွဲအခမ်းအနားလေးတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း မယ်လိုဒီက ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်ပွဲလေးကို တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားပါတယ် ။ မယ်လိုဒီက မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာ လှနေတာပဲ ဖြစ်ပါတယ်။

Photo Credit -Melody Myo's FB
Photo Credit -Melody Myo's FB
Photo Credit -Melody Myo's FB

မယ်လိုဒီက ကလေးတစ်ယောက်မိခင်ဆိုပေမယ့် အပျိုတုန်းကအတိုင်း ကိုယ်လုံးကိုယ်ပေါက်လေးကအစ သွယ်လျလှပပြီး ယဉ်ယဉ်လေးလှနေတာ ဖြစ်ပါတယ်။ "၂၀၁၉ ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနားသွားနေပါပြီရှင်'' ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မယ်လိုဒီရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Melody Myo's FB

Photo Credit -Melody Myo's FB
Photo Credit -Melody Myo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။