ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်ဆယ်လီ အနုပညာရှင်ကတော့ မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာသားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ကြည်နူးအားကျစရာကောင်းတဲ့ ပျော်ရွှင်စရာမိသားစုလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

မင်းသမီးချောမိုးယုစံကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ပြီး အခုတစ်ခါမှာလည်း မိသားစုနဲ့အတူ ကြည်နူးစွာ အလှူလေးတွေ ပြုလုပ်နေပြန်ပါတယ်..။

ရန်ကုန် လှည်းကူးမြို့နယ် ပဒဲကောကျေးရွာမှာရှိတဲ့ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်မှာ သစ္စာဉာဏ်ရောင် မဟာသာသန ဓမ္မဗိမာန်တော်ကြီး ဖြစ်မြောက်ရေးအတွက် အလှူငွေ (၅)သိန်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

"သစ္စာဉာဏ်ရောင် မဟာသာသန ဓမ္မဗိမာန်တော် အလှူ" ဆိုပြီး ကုသိုလ်ယူခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

မိသားစုအလှူအမှတ်တရပုံရိပ်လေးတွေကိုလည်း မိုးယုက ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားသေးတာမို့ အေးချမ်းလွန်းတဲ့ မိသားပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

Photo Credit - Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။