သရုပ်ဆောင် မင်းသားချော ဇေရဲထက်က ဗီဒီယိုဇာတ်ကားတွေပေါင်းများစွာ ရိုက်ကူးအောင်မြင်ခဲ့ပြီး အရမ်းကို လူကြိုက်များနာမည်ကျော်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ စိတ်ကောင်းစေတနာကောင်းထားတတ်ပြီး ပရိသတ်တွေကိုလည်း ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ ဇေရဲထက်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူဖြစ်ပါတယ်။

photo credit: Zay Ye Htet ' s facebook
photo credit: Zay Ye Htet ' s facebook

ဇေရဲထက်ကတော့ ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်တွေ လက်ခံအားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရ ရှိထားတဲ့ ဇေရဲထက်ကတော့ ပရိသတ်တွေရ့ အချစ်တော် အနပညာရှင်တစ်ယောက်ဆိူလဲ မမှားပါဘူး။

photo credit: Zay Ye Htet ' s facebook
photo credit: Zay Ye Htet ' s facebook

ယခုမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ မင်းသားချောလေး ဇေရဲထက်ဟာသီတင်းကျွတ်အခါမှာ တစ်နှစ်ပတ်လည်လုံးစုဆောင်းသမျှငွေလေးနဲ့ အဘွားဖြစ်သူကို ကန်တော့ခဲ့ပါတယ်။ ဇေရဲထက်ကတော့ " သီတင်းကျွတ်အခါမှာ တစ်နှစ်ပတ်လည်လုံးစုဆောင်းသမျှငွေလေးနဲ့ အဘွားအားကန်တော့အဘွားကျန်းမာပါစေးးးးအစာလေးတော့ရှောင်ပေါ့ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source: Zay Ye Htet ' s facebook 

photo credit: Zay Ye Htet ' s facebook
photo credit: Zay Ye Htet ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။