သိပ္ပံနည်းကျပုံစံဖော်လိုက်တဲ့အချိန်မှာ ကြက်ပုံသဏ္ဍာန်ရှိတဲ့ ဒိုင်နိုဆောမျိုးစိတ်ရယ်လို့ သိပ္ပံပညာရှင်တွေက သတ်မှတ်ခဲ့ပါတယ်။

တရုတ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တစ်စုဟာ Liaoning အရပ်မှာ နှစ်ပေါင်း ၁၂၅သန်းသက်တမ်းရှိနိုင်တဲ့ သုံးပေအမြင့်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါရုပ်ကြွင်းအရ သတ္တဝါမှာ ကမ္ဘာဦးခေတ်က သုံးပေအမြင့်ရှိတဲ့ ဒိုင်နိုဆောအမျိုးအစားဝင်သတ္တဝါတစ်မျိုးဖြစ်ကာ Jianianhualong tengi လို့်အမည်ပေးထားပြီး Cretaceous period အချိန်အတွင်း နေထိုင်ကျက်စားခဲ့မယ်လို့ ယူဆထားကြပါတယ်။

အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းကို သိပ္ပံနည်းကျပုံဖော်လိုက်တဲ့အခါမှာ ကြက်ပုံစံရှိတဲ့ ဒိုင်နိုဆောမျိူးစိတ်တစ်ခုအနေနဲ့တွေ့ရပြီး ယခုခေတ်ကာလ ငှက်အများစုရဲ့ ကနဦးအစ မျိုးစိတ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ သူ့ရဲ့အရွယ်အစားဟာ သုံးပေသာရှိပြီး အလေးချိန်ကတော့ ချီဟွာဟွာခွေးတစ်ကောင်ရဲ့အလေးချိန်လောက်ပဲရှိနိုင်တယ်လို့သိရပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။