ပြည်သူချစ် မင်းသားချောလေး ဖြစ်တဲ့ လင်းအောင်ခေတ်ကတော့ သူ့ရဲ့ အေးချမ်းပြီး ယောကျာ်းဆန်တဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်သူလေးဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေ အများဆုံး အားပေးရရှိသူ ဖြစ်သလို တကယ့်ကို ဖော်ရွေပြီး ရည်မွန်တဲ့ လင်းအောင်ခေတ်ကို အနုပညာရှင် အချင်းချင်း လည်း ချစ်ခင်ခြင်းကို ခံရသူဖြစ်ပါတယ်။

Photo Credit : Lin Aung Khit Facebook
Photo Credit : Lin Aung Khit Facebook

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ နူတ်ခမ်းနီမလေးတွေကြွေသွားရလောက်အောင် အထာကျကျရိုက်ထားတဲ့ အနက်ရောင်ဖက်ရှင်နဲ့ပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။လင်းအောင်ခေတ်ကတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေသလို ခရီးတွေလည်းထွက်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Lin Aung Khit Facebook
Photo Credit : Lin Aung Khit Facebook

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် လင်းအောင်ခေတ်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း လင်းအောင်ခေတ်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Lin Aung Khit Facebook
Photo Credit : Lin Aung Khit Facebook

Source:Lin Aung Khit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။