ပရိသတ်တွေက သုသုလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ညီညီမောင်ကတော့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။သုသုက လင်းလင်း၊မကြီးစန်း၊မထက်တို့နဲ့အတူ ကျားကျားကြိုက်ကြိုက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်နော်။သုသုတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြပြီး အရမ်းကြိုက်နှစ်သက်ခဲ့ရပါတယ်နော်။
သုသုက အမြဲလိုလို ဟာသဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေနေကျဖြစ်ပြီး ပရိသတ်တွေကလည်း အရမ်းသဘောကျကြပါတယ်။သုသုရဲ့ Tiktokဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြပြီး အားပေးကြပါတယ်နော်။သုသုက စိတ်ထားလည်းဖြူစင်ပြီး သဘောမနောကောင်းသူလည်းဖြစ်ပါတယ်။
အခုဆိုရင်လည်း သုသုက သူငယ်ချင်းတွေနဲ့အတူ ဗုဒ္ဓဂါယာကို ဘုရားဖူးရောက်ရှိနေပြီး ကုသိုလ်တွေပွားများနေတာဖြစ်ပါတယ်။အိန္ဒိယပြည်မှာ ရိုးရာဝတ်စုံလေးတွေဆင်မြန်းပြီး အရမ်းလှနေကြကာ အခုဆိုရင်တော့ "သဘာဝ လဘက်ရည်ဆိုင် အင်္ကျီလေးကအသက် ကျမလှလား မလှဘူးပြောရင်အမပဲ ငရဲကြီးမှာနော်"ဆိုပြီး အိန္ဒိယတွေဝတ်စုံလေးနဲ့ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်နော်။
Photo Credit:Nyi Nyi Maung's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။