ကမ္ဘာပေါ်ရှိ နိုင်ငံ ၂၀၀ မှပြည်သူများဟာ ကိုကာကိုလာအချိုရည်ဗူး ၁ ဒသမ ၈ သန်းကျော်ကို နေ့စဉ် သောက်သုံးနေကြတာပဲ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် စစ်တမ်းများအရ ကိုကာကိုလာ ဟာ ကမ္ဘာပေါ်တွင်တန်ဖိုးအကြီးဆုံးအမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ကိုကာကိုလာ အချိုရည်ကို ကိုလာအသီးနှင့်အရွက်များမှ ထုတ်လုပ်သည်ဟု အများသိရှိထားကြသော်လည်း ကိုကာကိုလာကိုစတင်ပြုလုပ်ခဲ့သည့် နည်းသည် လျှို့ဝှက်ချက် တစ်ရပ်ဖြစ်ကာသိရှိသူ အလွန် နည်းပါးလှပါတယ်။

Photo Source : မောင်သာရှေးဟောင်းသုတေသန
Photo Source : Pngtree

ကိုကာကိုလာ အချိုရည်ကို တီထွင်ခဲ့သူ ဂျွန်ပမ်ဘာတန်သည် ၁၈၈၆ ခုနှစ်တွင် ကိုကာကိုလာချက်လုပ်သည့် နည်းပညာကို အုပ်စုငယ်လေးတစ်ခုကိုသာ အသိပေးခဲ့ပါတယ်။ ဒီနည်းစနစ်ကို ၁၉၁၉ ခုနှစ်တွင် အာဆာကန်ဒလာ၏ သားဆိုသူက မှတ်တမ်းပြု ရေးသားခဲ့ချက်ကို ကိုကာကိုလာကုမ္ပဏီသို့ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီက ယင်းနည်းစနစ်ကို နယူးယောက်မြို့ရှိ ဂရန်တီ ဘဏ်တိုက်၏ အလုံခန်းတွင် အပ်နှံသိမ်းဆည်းထားခဲ့ပြီး ကိုကာကိုလာသည် ယင်းဖော်မြူလာကို ၁၉၂၅ ခုနှစ်တွင် အတ္တလန္တာရှိ ဆန်းထရပ်စ် ဘဏ်သို့ ပြောင်းရွှေ့ ကာ ၂၀၁၁ ခုနှစ်အထိသိမ်းဆည်းခဲ့ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

ယခုအခါတွင် ကိုကာကိုလာ အချိုရည် ပြုလုပ်သည့် လျှို့ဝှက်နည်းစဉ်ကို ကိုကာကိုလာပြတိုက်၏ လျှို့ဝှက် အလုံပိတ် အခန်းတွင်ထားရှိကာ ပြည်သူ အနည်းငယ်ကို လာရောက်ကြည့်ရှုခွင့်ပြုထားပါတယ်။ သို့သော် ၁၉၁၉ ခုနှစ်တွင် အာဆာကန်ဒလာ၏ သားဖြစ်သူ ရေးသားခဲ့သည့် စာရွက်စာတမ်းမူရင်းများကို ထည့်ထားသည့် အနက်ရောင်သေတ္တာကိုသာ မြင်ကြရမှာပဲ ဖြစ်ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။