ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ကမ္ဘာပေါ်ရှိ နေရာများထဲကမှ "Devil's Sea" အကြောင်းကို တင်ဆက်ဖော်ပြပေးသွားမှာပါ...။ ဂျပန်နိုင်ငံ ကမ်းရိုးတန်းအလွန် ပစိဖစ် သမုဒ္ဒရာ ထဲမှာရှိတဲ့ "Devil's Sea"က ဘာမြူဒါ တြိဂံလိုဘဲ နာမ်မည်ဆိုးနဲ့ ကျော်ကြားပါတယ်..။ လဒ်တီကျု တစ်တန်းတည်း ကြနေတဲ့ ဒီ Triangle နှစ်ခုမှာတော့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေထပ်တူကြနေပါတယ်...။

photo credit Once A Glance Page

အရပ်မျက်နှာညွှန်ပြတဲ့ သံလိုက်အိမ်မြှောင် ဖေါက်လွဲဖေါက်ပြန်ဖြစ်မှု l ထူဆန်းတဲ့အလင်းရောင်တွေ တွေ့ရှိခဲ့မှု l ထူးဆန်းတဲ့ အရာဝထ္တုများတွေ့ရှိမှု l ပဟေဋ္ဌိ ဆန်ဆန် ပျောက်ဆုံးမှုl လောကီလွန်ဖြစ်ရပ်များ ရှိနေပါတယ်လို့ မရေမတွက်နိုင်တဲ့ပြောဆိုမှုတွေမှတ်တမ်းတွေရှိနေပါတယ်...။ ဂျပန်ငါးဖမ်း အဖွဲ့အာဏာပိုင်တွေကတောင် ၎င်းဧရိယာ ဟာ အလွန်အန္ဒရာယ်များသောကြောင့် သတိထားနေရပါတယ်...။

photo credit Once A Glance Page

1952 ခုနှစ်မှာ ပဟေဋ္ဌိဆန်တဲ့ "Devil's Sea"ကို စူးဆန်းဖို့ "Kaio Maru No.5" ဆိုတဲ့သင်္ဘောကို အာဏာပိုင်တွေ စေလွတ်ခဲ့ရာ ၎င်းသင်္ဘော အပါအဝင် သင်္ဘောသား ၃၂ ယောက်ဟာ ပျောက်ဆုံးသွားခဲ့ပါတယ်...။ တစ်ခြားသော story မှာလည်း "Devil's sea" ကိုဖြတ်ပြီး ဂျပန်နိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားလာတဲ့သူ အနည်းဆုံး လူ "၄၀၀၀၀" ပျောက်ဆုံးသွားခဲ့ပြီလို့ လည်းဆိုပါတယ်...။ ဒီကိစ္စနဲ့ပါတ်သတ်ပြီး စဉ်းစားစရာတွေက ဂြိုလ်သားတွေကြောင့်လား စကြာဝဠာထဲကို ထွက်ဖို့ထွက်ပေါက်လား "Atlantis" မြို့တော်ကြီးလို ရှိနေလို့လား...။ တစ်ချို့သော အကြံပေးချက်တွေ ကတော့ မီးတောင် လှုပ်ရှားမှုတွေက အဖြေရှာမရတဲ့ပျောက်ဆုံးမှုကို ဖြစ်ပေါ်စေတယ်လို့လည်း ဆိုကြပါတယ်...။

Source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။