အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး နဲ့ စစ်ဖက်တို့မှာ ထိပ်သီးအဖြစ်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီလို အဘက်ဘက်မှာ ထိပ်သီး ဖြစ်နေတဲ့ အပြင် တစ်ဖက်မှာလည်း ကမ္ဘာကို ပေးအသိမခံနိုင်တဲ့ လျှို့ဝှက်စွာ လုပ်ဆောင်နေတဲ့ ပရောဂျက်ပေါင်းများစွာရှိပါတယ်။ ဒီပရောဂျက်တွေထဲမှာမှ Area 51 လို့နာမည်ကြီးတဲ့ နေရာအပါအဝင် လူသိပ်မသိပဲ မထင်မရှားရှိနေတဲ့ ပရောဂျက်ပေါင်း ၁၂၉ခုလောက်ရှိပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

ယခုလို လျှို့ဝှက်စွာလုပ်ဆောင်နေတဲ့ ပရောဂျက်တွေကို အမေရိကန်သမ္မတအပါအဝင် အဖွဲ့အစည်းအနည်းငယ်သာ သိထားပါတယ်။ အဆိုပါပရောဂျက်တွေအတွက် သုံးစွဲမှုစရိတ်ဟာ ၁.၂၅ ထရီလီယံအထိရှိ ပြီး ရည်ရွယ်ချက်တွေ ကတော့ အမျိုးမျိုးဖြင့် 1940 ခုနှစ်လောက်ကတည်းက တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုဖော်ပြမှာကတော့ စက်ပစ္စည်း အပိုင်းက မြေကြီးတွေ၊ တောင်တွေ ကို ဖောက်ထွင်း တဲ့ နေရာမှာ သုံးတဲ့ ယန္တရားကြီး တစ်ခု ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

တချို့ကတော့ ထိုစက်ကြီးကို ဂြိုလ်သားတွေရဲ့ ယာဉ်ပျံကြီးဖြစ်မယ်လို့ ထင်မြင်ချက်တွေပေးကြပြီး ဒီလို စက်ပစ္စည်းတွေနဲ့ မြေကြီးကိုတူးဖေါ်ရင်း သေဆုံးသွားတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ အမေရိကန်နိုင်ငံရဲ့ ဒီလို လျှို့ဝှက်စွာ တူးဖော်နေတာတွေကို သူတို့နိုင်ငံသားတွေ အပြင် ကမ္ဘာ့နိုင်ငံတော်တော်များများက နောက်ပိုင်းမှ သိရှိလာရတာပဲ ဖြစ်ပါတယ်။

Photo Source : Once A Glance Page
Photo Source : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။