အူဝဲလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ ယနေ့ချိန်ထိအောင်မြင်မှုတွေနဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးပါ။ သူမရဲ့သရုပ်ဆောင်သက်တမ်းဟာလည်း ဆယ်စုနှစ် နှစ်စုတိုင်အောင်ရှိနေပြီး ယနေ့ခေတ်မင်းသားတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သေးတာဟာလည်း သူမရဲ့ထူးခြားလွန်းတဲ့အချက်ပါ။
အသက်ကြီးလာသော်လည်း သူမရဲ့ပျိုပြစ်နုပျိုတဲ့အလှတရားတွေဟာလည်း မိန်းကလေးပရိသတ်တွေအားကျနေရတဲ့အဓိကအချက်ပါပဲ။ သူမရဲ့ပရိသတ်တွေကိုလည်း အပြင်မှာတစ်ခါတွေ့ဖူးပြီးတာနဲ့ အခါခါတွေ့ချင်အောင်ဆွဲဆောင်နိုင်လွန်းတဲ့ နတ်သမီးလေးတစ်ပါးပါ။ သရုပ်ဆောင်ပြေတီဦးနှင့်အတူ သားလေးဖိုးဓီ၊ သမီးလေး ပြေသုဒြာတို့နှင့် ပျော်ရွှင်သာယာသောမိသားစုလေးဘဝကို ရရှိပိုင်ဆိုင်ထားတာပါ။
မကြာသေးခင်ကလည်း မိသားစုနဲ့အတူ ပြင်ဦးလွင်ကို အပန်းဖြေခင်္ရးထွက်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကလည်း ခရီးသွားပုံရိပ်လေးတွေကို တင်ထားတာပါ။ အူဝဲရဲ့လူမှုကွန်ယက်စာမျက်နှာတွင် " ခရီးထွက်တာမကြိုက်တဲ့ ကွီးတီ ခရီး၃ခုဆက်တိုက်ထွက်လိုက်ရသောအခါ........
၈ရက်နေ့ကခရီးစထွက် ပြင်ဦးလွင်,ဘန်ကောက် ကမနေ့ကပြန်ရောက်,ဒီနေ့ ငပလီပြန်ထွက်" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် အူဝဲရဲ့ခရီးသွားပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Photo Credit- Eaindra Kyaw Zin’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။