မင်းသမီးချောလေး မအေးသောင်းကတော့ ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့ အချိုးအစားပြေပြစ်လှတဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းအဖြစ်ကနေ မအေးသောင်းဆိုပြီး ကိုကို၊မောင်မောင်တွေအားလုံးရဲ့ နှုတ်ဖျားမှာ ရေပန်းစားအောင်မြင်နေတာလည်း အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Aye Thaung's Fb
Photo Credit - Aye Thaung's Fb

မအေးသောင်းက အသက် (၃၀) ကျော်အရွယ်လို့ကို မထင်ရအောင် ငယ်ရွယ်နုပျိုမှုမျိုးနဲ့ လှပနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မအေးသောင်းတစ်ယောက် ပိုင်တံခွန်၊ မေတိုးခိုင်၊ နော်ဖောအယ်ထားတို့နဲ့အတူ ပျော်ပျော်ပါးပါးခရီးထွက်နေတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းတစ်ယောက် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ လူငယ်ဆန်ဆန် လှနေတာတွေ့ရပါတယ်။

Photo Credit - Aye Thaung's Fb
Photo Credit - Aye Thaung's Fb
Photo Credit - Aye Thaung's Fb

ဆယ်ကျော်သက်လေးတစ်ယောက်လို အရွယ်တင်လှပနေတဲ့ မအေးသောင်းက အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားထားတာပဲ ဖြစ်ပါတယ်။ မအေးသောင်းက '' မနက်စောစောထတဲ့ငှက်က အစာဝတယ်တဲ့။ မင်းလည်းကိုယ့်ကိုစောစောချစ်ထားတော့ ကိုယ့်အချစ်တွေရတာပေါ့။ '' ဆိုပြီး ပုံလေးတွေတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မအေးသောင်းရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Aye Thaung's FB

Photo Credit - Aye Thaung's Fb
Photo Credit - Aye Thaung's Fb
Photo Credit - Aye Thaung's Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။