သရုပ်ဆောင် မင်းသားချော မြင့်မြတ်နဲ့ မင်းသမီးချောလေး အိချောပိုတို့နှစ်ယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်က ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြသလို အပြင်မှာလည်း တကယ့်ကို ရင်းနှီးခင်မင်တဲ့အနုပညာမောင်နှမတွေ ဖြစ်ကြပါတယ်။

Photo Credit -Ei Chaw Po's FB
Photo Credit -Myat Wai Tun's FB
Photo Credit -Ei Chaw Po's FB

လက်ရှိမှာတော့ မြင့်မြတ်နဲ့ အိချောပိုတို့ အနုပညာမောင်နှမနှစ်ယောက်က ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ PLYER ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို မျှဝေပေးလေ့ရှိတဲ့ အိချောပိုက အခုလည်း မြင့်မြတ်နဲ့အတူ Photo Shooting လေးတစ်ခု ရိုက်ကူးနေကြောင်း တင်ပေးထားတာ တွေ့ရပါတယ်။

Photo Credit -Ei Chaw Po's FB
Photo Credit -Ei Chaw Po's FB
Photo Credit -Ei Chaw Po's FB

မြင့်မြတ်နဲ့ အိချောပိုက လိုက်ဖက်ညီစွာ ရိုက်ကူးရေးပြုလုပ်ရင်း ပျော်ရွှင်ရယ်မောနေကြတာလည်း ဖြစ်ပါတယ်။ နှစ်ယောက်သား မျက်မှန်တစ်လက်စီနဲ့ စတိုင်ကျနေသလို အိချောပိုကလည်း အလွင့်တလိုင်းဖက်ရှင်လေးနဲ့ လှနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်နဲ့ အိချောပိုတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Ei Chaw Po's FB

Photo Credit -Ei Chaw Po's FB
Photo Credit -Ei Chaw Po's FB
Photo Credit -Ei Chaw Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။