ဟာသမင်းသမီးလေးအဖြစ် လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် ကျော်ကြားအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက တက္ကသိုလ်ကျောင်းသူဘဝကတည်းက အပျော်တမ်းဟာသဗီဒီယိုလေးတွေ ရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးရင်း ပရိသတ်တွေရဲ့အားပေးမှုကို ရယူပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's Fb
Photo Credit- Phyu Phyu Htwe's Fb
Photo Credit- Phyu Phyu Htwe's Fb

နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်လွန်းတဲ့ ဖြူဖြူထွေးက မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေမှာလည်း ပါဝင်ဖျော်ဖြေနေရပါတယ်။ ပရိသတ်တွေအတွက် အပျော်လေးတွေကို မျှဝေပေးတဲ့ ဖြူဖြူထွေးက အခုလည်း စင်ကာပူနိုင်ငံရောက် အမှတ်တရဗီဒီယိုလေးကို တင်ပေးထားပါတယ်။

Photo Credit- Phyu Phyu Htwe's Fb
Photo Credit- Phyu Phyu Htwe's Fb

ဖြူဖြူထွေးက စင်ကာပူနိုင်ငံမှာ နေရာစုံအောင် လျှောက်လည်ရင်း သူရဲ့ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တာ ဖြစ်ပါတည်။ " Singapore Flyer စီးမယ်ဆိုရင်ဒါလေးကြည့်ပါ ကိုယ်တွေတော့ လမ်းညွှန်ထားတာကိုလမ်းပျောက်" ဆိုပြီး သူရဲ့ဗီဒီယိုလေးကို တင်ထားလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော ဖြူဖြူထွေးရဲ့ ချစ်စရာကောင်းတဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Phyu Phyu Htwe's Fb

Photo Credit- Phyu Phyu Htwe's Fb
Photo Credit- Phyu Phyu Htwe's Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။