တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ နန္ဒာလှိုင်ကတော့ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိခဲ့တဲ့ နန္ဒာလှိုင်က ချစ်စရာကောင်းတဲ့ သမီးချောလေးသုံးယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နန္ဒာလှိုင်နဲ့အတူ သမီးလေးတွေကိုပါ ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

နန္ဒာလှိုင်က ကလေးသုံးယောက်ရဲ့မိခင်ဆိုပေမယ့် သူမရဲ့အလှတရားတွေကတော့ အရင်တုန်းကအတိုင်း ပြောင်းလဲခြင်းမရှိဘဲ နုပျိုလှပနေတာ ဖြစ်ပါတယ်။ အခုလိုသီတင်းကျွတ်ပိတ်ရက်မှာတော့ နန္ဒာလှိုင်က သမီးလေးသုံးယောက်အပါအဝင် မိသားစုလိုက် တစ်ပျော်တစ်ပါးကြီး ခရီးထွက်နေတာ ဖြစ်ပါတယ်။ အခုလည်း နန္ဒာလှိုင်က မွေးနေ့ကိတ်ခွဲရင်း ပျော်ရွှင်နေကြတဲ့ သမီးလေးတွေနဲ့အတူ Facebook မှာ Live လွှင့်ခဲ့ပါတယ်။

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

ဒီ Live ဗီဒီယိုလေးမှာတော့ နန္ဒာလှိုင့်ရဲ့သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်က မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်မီးကို ပြန်ထွန်းလိုက် မီးမှုတ်လိုက်နဲ့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ နန္ဒာလှိုင့်ရဲ့သမီးလေးတွေအကုန်လုံးက တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့ပွဲကျင်းပရင်း ပျော်ရွှင်နေတဲ့ နန္ဒာလှိုင့်သမီးလေးတွေရဲ့ချစ်စရာ Live ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Nandar Hlaing's FB

Photo Credit- Nandar Hlaing's FB
Photo Credit- Nandar Hlaing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။