သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးပြီး တဖြည်းဖြည်းနဲ့ ပိုမိုအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဇေရဲထက်က ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်အောင် အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်နိုင်စွမ်းရှိတာကြောင့် ပရိသတ်တွေကအားပေးချစ်ခင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇေရဲထက်က ချောမောခန့်ညားတဲ့ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိထားပါတယ်။

Photo Credit-Zay Ye Htet's FB
Photo Credit-Zay Ye Htet's FB

ဇေရဲထက်က အလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်သလို သူချစ်ရတဲ့အဘွားကိုလည်း လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းကျွတ်မှာလည်း ဇေရဲထက်က တစ်နှစ်ပတ်လုံးစုဆောင်းထားတဲ့ အနုပညာကြေးတွေနဲ့ ချစ်ရတဲ့အဘွားကို ကန်တော့ခဲ့ပါတယ်။ အခုလည်း ဇေရဲထက်က အဘွားဖြစ်သူအတွက် တန်ဖိုးကြီးရွှေစလွယ်တစ်ခုကို လက်ဆောင်အဖြစ်ပေးခဲ့တာ တွေ့ရပါတယ်။

Photo Credit-Zay Ye Htet's FB
Photo Credit-Zay Ye Htet's FB

ဇေရဲထက်က " အဘွားစိတ်ချမ်းသာဖို့ အရေးကြီး" ဆိုပြီး သူပေးထားတဲ့ ရွှေစလွယ်ကြီးကို ဝတ်ဆင်ထားတဲ့ အဘွားရဲ့ပုံလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့ အဘွားနဲ့ပတ်သက်ရင် အရာရာအလေးထားပြီး အစစအရာရာ ဂရုတစိုက်ချစ်တတ်တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဇေရဲထက်တို့မြေးအဘွားနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Zay Ye Htet's FB 

Photo Credit-Zay Ye Htet's FB
Photo Credit-Zay Ye Htet's FB
Photo Credit-Zay Ye Htet's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။