"အတုမြင် အတတ်သင်"ဆိုတဲ့စကားလေးကို အားလုံးပဲကြားဖူးကြမှာဖြစ်ပါတယ်...။ ထိုစကားက ကလေးတွေကိုရည်ညွှန်းပြီး ပြောတယ်ဆိုရင် ပိုမှန်ပါတယ်...။ လူကြီးတွေအနေနဲ့ ကလေးတွေရှေ့မှာ အမူအရာပဲဖြစ်စေ၊ ပြောဆိုတာပဲဖြစ်စေ ယဉ်ကျေးသိမ်မွေ့ဖို့ အရေးကြီးပါတယ်...။ ဒါမှသာ သုံးနှစ်ခွဲ လေးနှစ် သိတတ်ကာစ အရွယ်လေးတွေကနေစပြီး ဂရုတစိုက်ပြောဆို ဆုံးမမှသာလျှင် နောင်အရွယ်ရောက်လူကြီးဖြစ်လာတဲ့အခါမှာ လူကြီးသူမစကားနားထောင်ပြီး ယဉ်ကျေးလိမ္မာတဲ့ သားသား၊ မီးမီးလေးတွေဖြစ်ကြမှာ အမှန်ပင်ဖြစ်ပါတယ်...။

photo credit pngtree

ဒီတစ်ပါတ်မှာတော့ လူကြီးတွေအနေနဲ့ ကလေးတွေရှေ့မှာ ဘာကြောင့် အပြောအဆိုဆင်ခြင်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီးပြောပြပေးသွားမှာပါ....။ မွေးကင်းစမှစပြီး သုံးနှစ်၊ လေးနှစ်အရွယ် ကလေးတွေရဲ့ ဦးနှောက်၊ အမှတ်ဉာဏ်က ဖွံ့ဖြိုးချိန်ဖြစ်တာမလို့ အဖေ၊ အမေတွေရဲ့ ပြောပုံ၊ ဆိုပုံ အမူအရာတွေကအစ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ အပြောအဆို၊ အမူအကျင့်လက္ခဏာတွေကိုလဲ လိုက်မှတ်သားလေ့ရှိပါတယ်...။ စကားမပီတဲ့ ကလေးတွေက မျိုးရိုးဗီဇ "Genes" ကြောင့်ပြောလို့ရနိုင်သလို အချို့လူကြီးတွေက ကလေးတွေရှေ့မှာစနောက်ပြီး မပီကလာပီကလာ ပြောရာကနေ စကားစပြောတတ်တဲ့အရွယ်မှာ လိုက်ပြီး စကားသံတွေကို မပီအောင်ထွက်တာမျိုးတွေရှိပါတယ်...။

photo credit pngtree

ဒါကြောင့်မလို့ လူကြီးသူမတွေအနေနဲ့ စကားပြောတဲ့အခါမှာ ရိုင်းစိုင်းစွာ ပြောဆိုတာကို မပြုလုပ်ရုံသာမကပဲ၊ ထိုကဲ့သို့ ကလေးတွေကို စနောက် ကြည်စယ်တာမျိုးတွေလည်း မပြုလုပ်ဖို့ သတိထားရမှာပါ...။ မိမိရဲ့ ကလေးသူငယ်တွေကို ယဉ်ကျေးလိမ္မာရုံသာမက၊ တစ်ချိန်မှာ နိုင်ငံတော်ကို အကျိုးပြုမယ့် အနာဂတ်လောင်းတွေဖြစ်ကြရအောင် ပြောဆိုနေထိုင်မှုကို တတ်နိုင်သလောက်ဆင်ခြင်ရမှာဖြစ်ပြီး ကလေးတွေရဲ့ အသက်အရွယ်လိုက် လက်လှမ်းမီသလောက် ဘာသာစကား၊ ဒါမှမဟုတ် သင်္ချာအရေအတွက်၊ သစ်သီးဝလံ၊ တိရိစ္ဆာန်သားကောင်လေးတွေရဲ့ အမည်နာမကို ရွတ်ဖတ်ပေးခြင်းဖြင့် များစွာအကျိုးရှိတဲ့အပြင် ကလေးထိန်းတဲ့နေရာမှာလဲ နည်းလမ်းကောင်းတစ်ခုဖြစ်စေမှာပါ...။

Writer Mg Thit Sar

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။