ကိုယ်ပိုင်ကားနဲ့သွားလာနေတဲ့သူတွေ သတိထားကြပါ

ကြားရတဲ့သတင်​းက​တော့ သတိ​ရှိကြဗျို့...

မ​နေ့ညက ရန်​ကုန်​က ပြန်​လာတဲ့ကားတစ်​စီး ​မင်္ဂလာဒုံ​လေယာဉ်​ကွင်​းအထွက်​လမ်​း​ပေါ်တွင်​ ည ၁၁ နာရီအ​ရောက်​မှာ ကား​ပေါ်က က​လေး အ​ပေါ့အပါးသွားချင်​လို့ လမ်​း​ဘေးရပ်​ထား​နေစဉ်​ ကားတစ်​စီးနဲ့ လူတစု​ရောက်​လာပြီး ပါသမျှလက်​ဝတ်​လက်​စား​တွေယူသွားတဲ့အပြင်​ ကားသမား​ကော ကားပိုင်​ရှင်​မိသားစု​ကော ဓါးနဲ့အ​ထောက်​ကာ ရိုက်​နှပ်​သွားလိုက်​တာ ဖု​ရောင်​ကွဲပြဲဒဏ်​ရာ​တွေနဲ့ ထားခဲ့ကြပါတယ်​...

ဝတ်ထားတဲ့ ​​ရွှေလက်​ဝတ်​လက်​စား​ ငွေ​​တွေ ဖုန်​း​တွေပါ ယူသွားတဲ့အပြင်​ ကားမှန်​ပါရိုက်​ခွဲသွားတယ်​ဗျာ...​တော်​​တော်​ မိုက်​ရိုင်​းတဲ့သူ​တွေ....

ကားဆရာလဲ ဒဏ်​ကြီးနဲ့ အနီးအနာကဆိုင်​ကို​မောင်​းပြီး အကျိုးအ​ကြောင်​း​ပြောပြ​တော့ အဲ​လမ်​း​တွေမှာ ညဘက်​ ကားရပ်​မနားသင်​့​ကြောင်​းနဲ့ လုယက်​သမား​တွေက အဖွဲ့နဲ့ညဘက်​​တွေမှာ ကားနဲ့လိုက်​ပက်​ပြီး လမ်​း​ဘေးရပ်​ကား​တွေလိုက်​ လုယက်​​နေတာ မကြားခဏကြား​နေရ​ကြောင်​း​ပြောပါတယ်​.....

ဒါ​ကြောင်​့ ညဘက်​ကား​မောင်​း​နေစဉ်​ အ​ပေါ့အပါသွားချင်​ အနားယူချင်​လျှင်​ လူစည်​​ကား​သော​နေရာ သိုမဟုတ်​ ဆိုင်​တဆိုင်​မှာဖြစ်​ဖြစ်​ ကားရပ်​၍ အနာယူခြင်​း အ​ပေါ့အပါးသွားခြင်​းများပြုလုပ်​သင်​့ပါ​ကြောင်​း အကျိုး​မျှော်​ပြီး နှိုး​ဆော်​သတိ​ပေးအပ်​ပါတယ်​လို့ ကို Soe Oo ကသတိပေးထားပါတယ်။ 

အခင်းဖြစ်ပွားရာနေရာ
အခင်းဖြစ်ပွားရာနေရာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။