မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ ချစ်စရာကောင်းတဲ့ ကချင်တိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ ပါဝင်လျှောက်လှမ်းခဲ့ပြီး ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ နော်ဖောအယ်ထားက အခုဆိုရင် ဇာတ်လမ်းတွဲလေးတောင် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နော်ဖောအယ်ထားက " ပျောက်ဆုံးနေသော အမှန်တရား " ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့အားပေးမှုရရှိနေပါတယ်။

Photo Credit-Htet Paing Ye
Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB

ဒီဇာတ်လမ်းတွဲလေးမှာတော့ လူမင်း၊ ကောင်းမြတ်စံ၊ ထူးအောင်၊ အောင်ရဲထိုက်၊ မေမြင့်မိုရ်၊ နော်ဖောအယ်ထားနဲ့ အခြားအနုပညာရှင်တွေ စုံစုံလင်လင်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက သုဒြာဆိုတဲ့ သရဲမလေးအဖြစ် ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်ပြခဲ့တာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားအနေနဲ့ ဒီဇာတ်ရုပ်လေးကို ခက်ခက်ခဲခဲနဲ့ အပင်ပန်းခံပြီး ရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB

အခုလည်း နော်ဖောအယ်ထားက " ခဏတာ သုဒြာဖြစ်ခဲ့တဲ့ မေ့မရတဲ့ အမှတ်တရတွေ " ဆိုပြီး ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက ကြောက်မက်ဖွယ်ကောင်းတဲ့ အပြင်အဆင်တွေနဲ့ သရုပ်ပီပြင်အောင် ကြိုးစားပမ်းစားရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " ပျောက်ဆုံးနေသော အမှန်တရား " ဇာတ်လမ်းတွဲလေးနောက်ကွယ်က နော်ဖောအယ်ထားရဲ့ဗီဒီယိုနဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Naw Phaw Eh Htar's FB

Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB
Photo Credit-Naw Phaw Eh Htar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။