ပြည်သူချစ်မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တိုင်အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေ အရမ်းချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ မျက်နှာသွယ်သွယ်လျလျလေးနဲ့ ကိုရီးယားမလေးတွေလို အသားအရည်ဖြူစင်ဝင်းပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထားလည်းပြည့်ဝသူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit- Wut Hmone Shwe Yi's Facebook
Photo Credit- Wut Hmone Shwe Yi's Facebook
Photo Credit- Wut Hmone Shwe Yi's Facebook

ဝတ်မှုန်ရွှေရည်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးထားကာ အကယ်ဒမီဆုများစွာကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး သူမရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးများကလည်း ပရိသတ်တွေရဲ့အားပေးမှု အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲအလှူအတန်းများကိုလည်း အမြဲမပြတ် လုပ်လေ့ရှိပါတယ်။ 

Photo Credit- Wut Hmone Shwe Yi's Instagram
Photo Credit- Wut Hmone Shwe Yi's Instagram
Photo Credit- Wut Hmone Shwe Yi's Instagram

ကစ်ရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ကြော်ငြာတွေ ပွဲအခမ်းအနားတွေကို ဆက်တိုက် ရိုက်ကူးနေတာဖြစ်ပြီး အခုလက်ရှိမှာတော့ cosmetic brand တစ်ခုရဲ့ပွဲအခမ်းအနားကိုတက်ရောက်ဖို့အတွက် bangkok သို့ ရောက်ရှိနေတာဖြစ်ပါတယ်။ကစ်ဟာသူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုအမြဲတမ်းပရိသတ်တွေအတွက်ဝေမျှလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း ကိုရီးယားမလေးလို့ထင်ရလောက်အောင်လှနေတဲ့ ကစ်ရဲ့ပုံလေးတွေကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo Credit- Wut Hmone Shwe Yi's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။