မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးစာရင်းမှာ အပါအဝင်ဖြစ်တဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မသိသူမရှိလောက်အောင် နာမည်ရနေပြီးသား ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတဲ့ ရွှေကစ်လေးက အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ရရှိခဲ့သလို အလှအပရေးရာမှာလည်း မိန်းကလေးချင်းအားကျရလောက်အောင် လှနိုင်လွန်းသူလေး ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံနေရတာ ဖြစ်ပါတယ်။

Photo Credit- LiJohn Li Photography
Photo Credit- Wutt Hmone Shwe Yi's FB

အခုလည်း ရွှေကစ်လေးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို Kanebo ရဲ့ The Exceptional Makeup Base launch နဲ့ တစ်နေ့တာကိုဖြတ်သန်းဖို့ ရောက်ရှိနေတာ တွေ့ရပါတယ်။ ပရိသတ်အချစ်တော် ရွှေကစ်လေးအပြင် မိတ်ကပ်ပညာရှင်မေဦးနဲ့ ချစ်သူဟန်လင်းတို့ကလည်း အတူတူရောက်ရှိနေကြတာ ဖြစ်ပါတယ်။ အခုလည်း မေဦးတို့စုံတွဲက ရွှေကစ်လေးနဲ့အတူ ညစာစားရင်း ပရိသတ်တွေကို နှုတ်ဆက်ထားတဲ့ ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit- Wutt Hmone Shwe Yi's FB
Photo Credit- Wutt Hmone Shwe Yi's FB

ဒီဗီဒီယိုလေးမှာတော့ ရွှေကစ်လေးက နှုတ်ခမ်းလေးစူပြီး အသည်းယားချင်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေကိုနှုတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။ အရွယ်တင်နုပျိုလွန်းတဲ့ ရွှေကစ်လေးက ကလေးလေးတစ်ယောက်လို အမြဲချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေဦးတို့စုံတွဲနဲ့အတူ ညစာစားနေတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Wutt Hmone Shwe Yi's FB

Video Credit - May Oo's FB 

Photo Credit- May Oo's FB
Photo Credit- Wutt Hmone Shwe Yi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။