မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းများ၊ အတွင်းရေးမှူးဟောင်းများ၊ ဒိုင်လူကြီးဟောင်းများနှင့် ကစားသမားဟောင်းများအား ဝါကျွတ် ကန်တော့ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားသို့ ဘောလုံးအဖွဲ့ချုပ်တွင် အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၀ နှစ်နှင့်အထက် ဥက္ကဋ္ဌဟောင်းများ၊ အတွင်း ရေးမှူးဟောင်းများ၊ ဒိုင်လူကြီးဟောင်းများ၊ ကစားသမားဟောင်းများ၊ လက်ရွေးစင် ကစားသမားဟောင်းများအသင်းမှ ကစားသမားများ၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ ယူ ၂၃ အမျိုးသားအသင်း၊ ယူ ၁၉ အမျိုးသားအသင်းတို့မှ နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားများတက်ရောက်ခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ရှေးဦးစွာ တက်ရောက်လာသူများက ကန်တော့ခံပုဂ္ဂိုလ်များအား ကန်တော့ကျိုးဖြင့် ကန်တော့ခဲ့ပြီး ကန်တော့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းနောက် ကန်တော့ခံပုဂ္ဂိုလ်များကိုယ်စား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးသောင်းထိုက်နှင့် ကစားသမားဟောင်းများကိုယ်စား ဦးစိုးညွန့်တို့က ဩဝါဒစကား ပြောကြားခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ထို့နောက် တက်ရောက်လာသူများက ဥက္ကဋ္ဌဟောင်းများ၊ အတွင်းရေးမှူးဟောင်းများ၊ဒိုင်လူကြီးဟောင်းများ၊ ကစားသမားဟောင်းများနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့အား ကန်တော့ကျိုးဖြင့် ကန်တော့ခဲ့ပါတယ်.။ ယင်းနောက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဩဝါဒစကား ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။