ပရိသတ်ကြီးရေ.. ချစ်ရတဲ့ ပရိသတ်ကြီးများအတွက် ဂုဏ်စရာလည်းကောင်းသလို ဝမ်းသာပျော်ရွှင်စရာလည်းကောင်းတဲ့ သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်နော်….

ချစ်ပရိသတ်တွေအတွက် သတင်းကောင်းလေးကတော့ 2019 ခုနှစ် Asian Academy Creative Awards ဆုပေးပွဲကြီးမှာ မြန်မာနိုင်ငံက မင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ဟာ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ခံလိုက်ရပါပြီနော်..။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုံရွှေရည်က ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ချစ်စရာကောင်းပြီး အရွယ်လေးနဲ့ မလိုက်အောင် သရုပ်ဆောင်ပိုင်နိုင်လွန်းလှတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်လေးကတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ကြတာပါ..။


Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - လိပ်ပြာစံအိမ် - The Only Mom’s Facebook

Brave Empire Entertainment ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ တခဲနက်ကြိတ်ကြိတ်တိုး အားပေးမှုတွေကို ရရှိခဲ့တဲ့ လိပ်ပြာစံအိမ် - The Only Mom ရုပ်ရှင်ဇာတ်ကားကြီးကတော့ ၂၀၁၉ ခုနှစ် Asian Academy Creative Awards မှာ Regional ဆုပေါင်း (၆) ဆုကို ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတွေပဲ ဖြစ်ပါတယ်နော်..။

Asian Academy Creative Awards ဆုပေးပွဲကြီးကတော့ နှစ်စဉ် အာရှ-ပစိဖိတ်မှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး ဆုရွေးချယ်ချီးမြှင့်တဲ့ ဆုပေးပွဲကြီးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - လိပ်ပြာစံအိမ် - The Only Mom’s Facebook
Photo Credit - လိပ်ပြာစံအိမ် - The Only Mom’s Facebook

အခုလို အကောင်းဆုံးတွေကိုသာ ရွေးချယ်ချီးမြှင့်တဲ့ ဆုပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ကြတဲ့ ရွှေကစ်လေးနဲ့ ပြည့်ပြည့်လေးတို့ အတွက် ပရိသတ်တွေအားလုံးကလည်း ဝမ်းသာဂုဏ်ယူနေကြပါတယ်နော်..။

ချစ်စရာကောင်းလွန်းကြတဲ့ ပြည်သူ့အသည်းကျော်လေး ရွှေကစ်နဲ့ ပြည့်ပြည့်လေးတို့အပြင် လိပ်ပြာစံအိမ်အဖွဲ့သားတွေအတွက်အားလုံးအတွက်ဂုဏ်ပြုရင်း ဆုတောင်း လက်ခုပ်သံလေးတွေနဲ့အတူ အားပေးစကားလေးတွေပေးကာ ပရိသတ်တွေကတော့ ဝမ်းသာပျော်ရွှင်နေကြရပါတယ်နော်..။


Photo Credit - လိပ်ပြာစံအိမ် - The Only Mom’s Facebook
Photo Credit - လိပ်ပြာစံအိမ် - The Only Mom’s Facebook

Photo Credit - လိပ်ပြာစံအိမ် - The Only Mom’s Facebook

Source - လိပ်ပြာစံအိမ် - The Only Mom’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။