မြောက်ပိုင်း ညီအစ်ကိုကျွန်း North Brother Island, New York
မြောက်ပိုင်း ညီအစ်ကို ဆိုတာ နယူးယောက်၊ Bronx နယ်မြေ အပြင်ဘက်ရှိ အိစ်မြစ်အတွင်းမှ ၂၀ ဧကကျယ်ဝန်းသော ကျွန်းတစ်ခုဖြစ်ပြီး ၁၈၈၅ ခုနှစ်တွင် ကျွန်းပေါ်တွင် အူရောင်ငန်းဖျား၊ ကျောက်၊ အဆုပ်၊ အသားဝါ စသည့် ကူးစက်ရောဂါများကို ခံစားနေရသူများကို ကုသပေးနိုင်မည့် မြစ်ကမ်းဆေးရုံတည်ဆောက်ရန် ကျွန်းကိုဝယ်ယူခဲ့ပါတယ် ။ထို့ကြောင့် အာ့ဒီနေရာဟာ အူရောင်ငန်းဖျားရောဂါကို ဖြစ်စေသည့် ဘက်တီးရီးယားပိုးများကို သယ်ဆောင်သည့် Typhoid Mary ၏ နေရာဟု ထင်ရှားခဲ့ပါတယ်။
ဒါ့အပြင် ၁၉၀၅ ခုနှစ်တွင် ကျွန်းအနီး၌ ရေနွေးငွေ့စွမ်းအင်သုံး သင်္ဘောတစ်စီးမီးလောင်ကျွမ်းခဲ့သဖြင့် လူပေါင်း ၁၀၀၀ ကျော် သေ ဆုံး ခဲ့ပြန်ပါတယ်။ နောက်ပိုင်းတွင် ကျွန်းဆေးရုံကို ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်ဘေးသင့်သူများကို ကုသရန် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ဘိန်းဖြူစွဲနေသည့် လူနာများကို ကုသခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စရိတ်စက မြင့်မားမှုနှင့် အလွဲသုံးစားပြုလုပ်မှုများကြောင့် ဆေးရုံကို ၁၉၆၃ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကာ ကျွန်းပေါ်တွင် နေ ထိုင်ခဲ့ကြသူအားလုံးသည် ကျွန်းကို စွန့်ခွာခဲ့ကြပါတယ်။
ထိုအချိန်မှစ၍ မြောက်ပိုင်း ညီအစ်ကိုကျွန်းသည် အထီးကျန်စွာ တည်ရှိ နေ ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် နယူးယောက်မြို့တော် ပန်းဥယျာဉ်များဌာန၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့ကာ ကန့်သတ်နယ်မြေ တစ်ခု ဖြစ်လာခဲ့ပါတယ် ။မြို့တော်ကောင်စီဝင်များက ကျွန်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့ပေမယ့် ခရီးသွားကန့်သတ်မှု များကိုတော့ ပြုလုပ်ခဲ့ ပါတယ်။
Source : မောင်သာရှေးဟောင်းသုတေသန
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။