realme 5 sereis သစ်ဖြစ်တဲ့ realme 5 နှင့် realme 5 Pro ကို အနုပညာရှင်များ တက်ရောက်ပြီး တရားဝင်မိတ်ဆက်ပွဲကို အောက်တိုဘာလ (၁၇) ရက်၊ LOTTE hotel မှာ ကျင်းပခဲ့ပါတယ်။ ထူးခြားတဲ့ အတွေ့အကြုံသစ်အနေနဲ့ Leap To Quad Camera ဆိုတဲ့ အတိုင်း နောက်ဘက်ကင်မရာ ၄လုံး ပါဝင်လာခဲ့ပါတယ်။ စျေးနှုန်းလေးကတော့ realme 5 Pro RAM 4GB + ROM 128GB အတွက် ၃၃၉,၉ဝဝ ကျပ်နှင့် RAM 8GB + ROM 128GB အတွက် ၃၉၉,၉ဝဝ ကျပ်သာ ဖြစ်ပြီး လှပဆန်းသစ်နဲ့ အရောင်အနေနဲ့ Sparkling Blue နဲ့ Crystal Green တို့ကလည်း စတိုင်လ်ကျ လှပစေမှာ ဖြစ်ပါတယ်။ ဒီလို ထူးခြားဆန်းသစ်တဲ့ realme 5 Pro ကို လာမယ့် အောက်တိုဘာလ ၂ဝ ရက်နောက်ပိုင်းမှာ စတင် ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။

realme 5 မှာတော့ ရွေးချယ်စရာ ၃ မျိုး ၊ version ၃မျိုးရှိပြီး RAM 3GB + ROM 32GB အတွက် ၂၂၉,၉ဝဝ ကျပ်၊ RAM 3GB + ROM 64GB အတွက် ၂၄၉,၉ဝဝ ကျပ်နှင့် RAM 4GB + ROM 128GB အတွက် ၂၇၉,၉ဝဝ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ realme 5 ရဲ့ အရောင်တွေကတော့ Crystal Blue နဲ့ Crystal Purple ၂မျိုးဖြစ်ပြီး စတင်ရောင်းချမယ့်ရက်ကိုတော့ realme Myanmar Facebook Page မှ ဆက်လက်ကြေညာပေးသွားမှာ ဖြစ်လို့ စောင့်ကြည့်ကြဖို့လည်း မမေ့နဲ့နော် 

realme 5 Pro မှာ Quad Camera အဖြစ် ပင်မ 48MP AI Camera နဲ့ အတူ ၁၁၉ ဒီဂရီအထိမြင်ကွင်းကျယ်ရိုက်ယူနိုင်စေတဲ့ 8MP Ultra Wide-Angle Lens၊ 2MP Portrait Lens နှင့် 2MP Ultra Macro Lens တို့ကိုအသုံးပြုပေးထားပါတယ်။ 6.3-inch FullHD+ မျက်နှာပြင်နှင့် scree-to-body ration 90.6% အထိရှိတဲ့ အချက်ကြောင့်လည်း မျက်နှာပြင်ပြည့် မြင်ကွင်းကျယ်အတွေ့အကြုံကိုခံစားရစေမှာဖြစ်ပါတယ်။ Type-C အမျိုးအစား 20W VOOC 3.0 Fast Charging နည်းပညာကြောင့် 4035 mAh Battery ကို 0-100% အားပြည့်စေရန် မိနစ် ၈ဝ ဝန်းကျင်သာကြာမြင့်စေမှာ ဖြစ်ပြီး ဂိမ်းကစားနေရင်း အားသွင်းမယ်ဆိုရင်လည်း တစ်နာရီအတွင် Battery အား 43% အထိ ရစေမှာ ဖြစ်ပါတယ်။ Third Generation အမျိုးအစား Snapdragon 712 AIE processor ကြောင့် 3D graphic မြင့်မားတဲ့ ဂိမ်းအမြင့်များကိုပါ Frame Rate အကောင်းဆုံးထိ မြင့်ကစားနိုင်ပါတယ်။

realme 5 မှာ Bigger Battery, Bigger Screen ဆိုတဲ့အတိုင်း ကြီးမားကြာရှည်ခံစေမယ့် 5000mAh battery ကို ထည့်သွင်းပေးထားတဲ့ ပထမဆုံး realme ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး ဂိမ်းကစားရင်တောင်မှ ၁၃နာရီဝန်းကျင်အထိ အားခံစေမှာ ဖြစ်ပါတယ်။ realme 5 series ထုတ်ကုန်တိုင်းမှာ Holographic Crystal Texture နည်းပညာကြောင့် 3D ရုပ်ကြွနှင့်အတူ ရောင်ပြေးပုံစံနောက်ကျော်ဘက်ဒီဇိုင်းကလည်း အလန်းစား ထိတွေ့ခံစားမှုကိုရရှိစေဦးမှာပဲ ဖြစ်ပါတယ်

Commercial: realme

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။