မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှု အစိတ်အပိုင်းတစ်ရပ် အနေဖြင့် လေ့ကျင့်ခြေစမ်းပွဲများ ကစားရန် ယနေ့နံနက် အစောပိုင်းက ကာတာနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါတယ်။မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းဟာ အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ အခုလိုခြေစမ်းပွဲတွေ ကစားနေတာပဲ ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာယူ-၂၂ အသင်းကို အုပ်ချုပ်သူအဖြစ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှူဆောင်နှင့် ဧရာဝတီ ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်၊ နည်းပြချုပ်အဖြစ် မစ္စတာ ပိုပေါ့ဗ်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ကာတာလေ့ကျင့်ရေး ခရီးသို့ အုပ်ချုပ်/နည်းပြ ၁၂ ဦး၊ ကစားသမား ၂၆ ဦး လိုက်ပါသွားခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာယူ-၂၂ အသင်းဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ လေ့ကျင့်မည်ဖြစ်ပြီး အောက်တိုဘာ ၂၅၊ ဒေသစံတော်ချိန် ည ၆:၃၀ နာရီ (မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)တွင် နီပေါယူ-၂၃ အသင်း၊ အောက်တိုဘာ ၂၈၊ ဒေသစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီ)တွင် ကာတာကလပ် AL Owaina အသင်း၊ အောက်တိုဘာ ၃၁၊ ဒေသစံတော်ချိန် ည ၆:၃၀ နာရီ (မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)တွင် ကာဂျစ္စတန်ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းကစားမှာပဲ ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။