ပရိသတ်ကြီးရေ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ကတော့ သမီးနှစ်ယောက်ရယ် ချစ်ခင်ပွန်းရယ် အဖွားရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကိုယ်ပိုင်ထုတ်လုပ်ရေးကနေလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေတာဖြစ်တာကြောင့် ပရိသတ်တွေနဲ့မဝေးကွာသွားပါဘူးနော်။

Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook

စမိုင်းလ်ရဲ့ ချစ်ခင်ပွန်းကလည်း ချစ်ဇနီးရဲ့ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကိုလိုက်လျောပြီး အကောင်းဆုံးဖြည့်ဆည်းပေးတာကြောင့် စမိုင်းလ်ကအမြဲစိတ်ချမ်းသာနေရတာဖြစ်ပါတယ်။စမိုင်းလ်ရဲ့ချစ်သမီးလေးနှစ်ယောက်ကတော့ လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်တာကြောင့် သားသမီးကောင်းကိုလည်း ပိုင်ဆိုင်ထားတာပါနော်။စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က အမှတ်တရနေ့လေးတွေကို ကြည်နူးအေးချမ်းစွာနဲ့အမြဲဖြတ်သန်းနေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook

အခုဆိုရင်လည်း စမိုင်းလ်က ချစ်ခင်ပွန်းကိုပြည့်မောင်ရဲ့ ၃၈နှစ်ပြည့်မွေးနေ့လေးကို အဓိပ္ပါယ်များနဲ့ပြည့်စုံပြီး ကုသိုလ်တွေအများကြီးနဲ့ ဖြတ်သန်းစေတာကြောင့် တနင်္ဂနွေနေ့ နေ့လည်၁၂နာရီကစပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ စတုဒီသာကျွေးမွေးပြီး လှူဒါန်းခဲ့ပါတယ်နော်။စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ကြည်နူးအေးချမ်းစွာနဲ့ကုသိုလ်တွေယူခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook Source:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook

Source:စမိုင်းလ် Smile's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။