ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ "Great Wall Of China" (တရုတ် မဟာတံတိုင်း) အကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ လူသားတို့သည် မြို့ရိုးများ၊ တံတိုင်းများကို ရှေးဦးခေတ်ကတည်းကစပြီး နယ်မိတ်များ သတ်မှတ်နိုင်ရန်၊ ရန်သူများမဝင်ရောက်ရန်နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ဖို့ကို ရည်ရွယ်ပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံတိုင်းလိုလို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်...။ တိုးတက်လာသောခေတ်များတွင် တံတိုင်းအသစ်များကို အနုပညာလက်ရာများ၊ အထိမ်းအမှတ်လက္ခဏာများဖြင့် တည်ဆောက်ခဲ့ကြရာ ယခုအချိန်တွင် နေရာဒေသ အသီးသီးတွင် တည်ရှိသော တံတိုင်းများသည် လှပသော လက်ရာရှုခင်းများ အဖြစ် ရပ်တည်လျက်ရှိကြပါတယ်....။
တရုတ်နိုင်ငံမှ မဟာ တံတိုင်းကြီးသည် မသိသူရှားလောက်အောင် ထင်ရှားလှသည့် တံတိုင်းကြီးတစ်ခုဖြစ်ကာ ဘီစီ ၅ ရာစုတွင် တည်ဆာက်ခဲ့ပြီး ဘီစီ ၅ ရာစုမှ ၁၆ ရာစုအတွင်း ပြန်လည် ဆောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်...။ တရုတ်နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသတွင် မြောက်ပိုင်းမှ မျိုးနွယ်စုများ၏ တရုတ် အင်ပါယာအား တိုက်ခိုက်မှု များ ကို ကာကွယ်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်...။ မင်မင်းဆက် ( ၁၃၆၈-၁၆၄၄) တွင် တံတိုင်းကြီးအား တိုးချဲ့ ဆောက်လုပ်ခဲ့ရာ အရှေ့မှ အနောက်သို့ ၈၈၅၀ ကီလိုမီတာ( မိုင်၅၅၀၀ ) မျှ ရှည်လျားပါတယ်...။
၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂ ၊ ယူနက်စ်ကို အဖွဲ့က တရုတ်နိုင်ငံမှ မဟာ တံတိုင်းကြီးအား ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်...။ မဟာတံတိုင်းကြီးသို့ နေ့စဉ်ခရီးသည်များ လာရောက်ကြည့်ရှု လည်ပတ် လျက်ရှိကြပြီး ခြေလျင် သွားနိုင်သကဲ့သို့ ကောင်းကင် ရထားဖြင့်လည်း စီးနင်းလိုက်ပါ ကြည့်ရှုနိုင်ကြပါတယ်...။ နိုင်ငံ တစ်ခု၊ ဒေသ တစ်ခု၏ လုံခြုံရေးကို အဓိက ရည်ရွယ်ဆောက်လုပ်ခဲ့သည့် တစ်ချိန်တစ်ခါက မြို့ရိုး တံတိုင်း များသည် မျက်မှောက်ကာလတွင် ရှေးဟောင်းယဉ်ကျေးမှု လက်ရာများအဖြစ် ကမ္ဘာ့ နိုင်ငံများအကြား ထင်ရှားကျော်ကြား လျက်ရှိနေပါတယ်...။ ခရီးသည်များ၏ စိတ်ဝင်တစားလာရောက်လည်ပတ်မှုများကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု နှင့် အတူ သက်ဆိုင်ရာ နိုင်ငံအသီးသီးတို့သည် ဝင်ငွေများလည်း များစွာရရှိလျက် ရှိနေကြပါတယ်...။
Source မောင်သာ ရှေးဟောင်းသုတေသန
Photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။