သက်ထားသူဇာကတော့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲဖြစ်တဲ့ Egypt International Series 2019မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပဲဖြစ်ပြီး ဖိုင်နယ်မှာ Wales က Jordan Hart ကိုအနိုင်ရရရှိပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။ သူမကတော့ အခုလို မြန်မာဂုဏ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိတဲ့အကြောင်း ပြောထားခဲ့ပါတယ်။

PHOTO CREDIT: THET HTAR Thuzar 's facebook
PHOTO CREDIT: THET HTAR Thuzar 's facebook

သူမကတော့ " မြန်မာနိုင်ငံတော်သီချင်းကို သတိစွဲပြီး ချန်ပီယံ ပထမနေရာကနေ နားထောင်ရတဲ့ခံစားချက်က အရမ်းပီတိရှိတာပဲ။ မြန်မာတစ်ယောက်အနေနဲ့ ညီမတို့နိုင်ငံအတွက် ပထမဆုကို အရမ်းဂုဏ်ယူမိပါတယ်။ Final မှာ Wales က Jordan Hart ကို ၂၁-၆ နဲ့ပထမပွဲအပြတ်အသတ်နိုင်ပြီး ဒုတိယပွဲမှာ တစ်ဖက်ကစားသမားက ၁၂-၁ နဲ့အရှုံးပေးသွားခဲ့ပါတယ်။

PHOTO CREDIT: THET HTAR Thuzar 's facebook
PHOTO CREDIT: THET HTAR Thuzar 's facebook

သူမကတော့ မြန်မာ ဒုန်း ဒုန်း ဒုန်း၊ မြန်မာ ဒုန်း ဒုန်း ဒုန်း ဒီနေ့ Final ကို ကိုတိုင်ကိုကျလာရောက်အားပေးကြတဲ့ မြန်မာနိုင်ငံသူ/သားများ၊ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်သီဝင်း၊ Online မှ တစ်ဆင့်ပွဲအဖြေကိုစောင့်ကြည့်အားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။ 

SOURCE: THET HTAR Thuzar 's facebook 

PHOTO CREDIT: THET HTAR Thuzar 's facebook
PHOTO CREDIT: THET HTAR Thuzar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။