ပရိသတ်တွေရဲ့ အချစ်တွေကို အခိုငအမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောတွေထဲမှာ ဝါရင့်အနုပညာရှင်မင်းသမီးကြီးဖြစ်တဲ့ အကယ်ဒမီမို့မို့မြင့်အောင်နဲ့ MRTV-4 မင်းသမီးချောလေး ဝင့်ယမုံနိုင်တို့ကတော့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင၈်တွေဖြစ်ကြသလို ကျရာဇာတ်ရုပ်တွေကိုလည်း ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ အေးချမ်းတဲ့ အလှတရားတွေကရိုယ်စီနဲ့လည်း ပရိသတ်တွေကို အမြဲအချစ်ပိုစေသူတွေလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Academy Moht Moht Myint Aung’s Facebook
Photo Credit - Wint Yamone Naing’s Facebook

ပရိသတ်ကြီးရေ.. မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ငယ်စဉ်ကတည်းက ချစ်ခင်ပြီး လေးစားအားကျရတဲ့ ဝါရင့်အနုပညာရှင့်ဖြစ်သလို ထပ်ဆင့်အကယ်ဒမီမင်းသမီးချောလည်းဖြစ်တဲ့ မို့မို့မြင့်အောင်ကို အိမ်တိုင်ရာရောက် သွားကန်တော့ခဲ့ပါတယ်နော်..။

ရိုသေလေးစား ချစ်ခင်မှုလေးတွေနဲ့ အိမ်တိုင်ရာရောက် ဂါဝရပြုပြီး လာကန်တော့ မင်းသမီးလေး ဝင့်ယမုံနိုင်ကိုလည်း ဆုတောင်းစကားလေးတွေနဲ့အတူ ယမုံလေးရဲ့ အနုပညာစွမ်းရည်တွေကိုလည်း ချီးကျူးစကားလေး ဆိုထားပါသေးတယ်နော်..။


Photo Credit - Academy Moht Moht Myint Aung’s Facebook
Photo Credit - Academy Moht Moht Myint Aung’s Facebook

ထင်မှတ်မထားတဲ့ မင်းသမီးလေး ဝင့်ယမုံနိုင်လာကန်တော့ခဲ့တဲ့ ကြည်နူးပီတိဖြစ်စရာ အမှတ်တရပုံရိပ်လေေးတွကိုလည်း မေမို့က ချစ်ပရိသတ်တွေ အားလုံးကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြည်နူးနေကြပါတယ်နော်..။

“အခုဝင်ယမုံနိုင်လေးကို လူတော်တော်များများကလာပြောတယ် မို့သရုပ်ဆောင်တာနဲ့သိတ်တူတာပဲတဲ့မို့တပည့်လားလို့ လာလာမေးကြတယ် မဟုတ်ပါဘူးဒီကလေးကသူ့ပထမဦးဆုံးစီးရီးsign of love ကတော်

တာပရိသတ်လက်ခံပြီးသားပါလို့ဖြေဖြေဖြစ်တယ်။

တွေ့တယ်ဆုံတယ်ခင်မိတယ် ဒီလောက်ပဲ။

အခုလိုဂါရဝ တရားရှိပြီး မဂ်လာအပြုကိုဆောင်လိမ့်

မယ်လို့မထင်ခဲ့ဘူး။သမီးပြုသောကောင်းမူ့ကြောင့်

သမီးအကျိုးထူးတွေခံစားရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အနုပညာမွေးစားသမီးလေးပေါ့။ မို့ သူ့ကိုလည်းအမွေတွေပေးသွားမှာပါ။၁၂ လပိုင်းမှာပြေတီဦး

ရဲ့ ငရဲဆိုတာချိုနဲ့လားဇတ်ကားမှာသူကမို့အငယ်နေ

ရာကနေသရုပ်ဆောင်ရမှာပါ။[ stage show လေသံဖြင့်] ပရိသတ်ကြီး..” ဆိုပြီးတော့လည်း အနုပညာအလုပ်တွေ အတူ လက်တွဲလုပ်ဆောင်မယ့်အကြောင်းလေးတွေနဲ့အတူ ချီးကျူးစကားလေးဆိုကာ ဆုတောင်းပေးထားတာပါနော်..။

Photo Credit - Academy Moht Moht Myint Aung’s Facebook
Photo Credit - Academy Moht Moht Myint Aung’s Facebook

Photo Credit - Academy Moht Moht Myint Aung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။